၀တ်စုံတွေတစ်စုံပြီးတစ်စုံလဲကာ အလုပ်တွေရှုပ်တဲ့တစ်နေ့တာလေးကို ပရိသတ်တွေကိုမျှဝေလာတဲ့ အေးမြတ်သူ

ပါးချိုင့်လေးနဲ့ချစ်စရာကောင်းတဲ့မင်းသမီးချောလေးအေးမြတ်သူကတော့ ပရိသတ်တွေရှေ့စတင်ရောက်ရှိလာကတည်းက အခုအချိန်အထိပရိသတ်တွေရဲ့အချစ်တွေနဲ့ ရပ်တည်လာသူတစ်ယောက်ပါ။ အခုဆိုရင် အကယ်ဒမီဆုကြီးကိုရရှိပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ကိုင်နေသူတစ်ယောက်ပါ။


အေးမြတ်သူကတော့ မြန်မာဆန်ဆန်ပဲဝတ်ဝတ် ခေတ်ဆန်ဆန်ပဲဝတ်ဝတ်စတိုင်ကျလှပစေတဲ့ကိုယ်လုံးပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ အခုလည်း သူ့ရဲ့တစ်နေ့တာကို ပရိသတ်တွေကို ဗီဒီယိုလေးနဲ့အတူမျှဝေလာတာပါ။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ကိုယ့်ဘာသာဆို အဲ့လိုလေးတွေမရိုက်တက်ဘူး ရိုက်ပေးတဲ့ သူငယ်ချင်းလေး Khun Sai ကျေးဇူး အလုပ် က မလုပ်ရင် မလုပ်ဘူး…..လုပ်ရင်လည်း တနေ့ထဲ ကို ဝတ်စုံ ဘယ်နှစုံလည်းမေး..ချစ်တို့လည်း သဘောကျမယ်လို့ မျှော်လင့်ပါတယ်ရှင့် ဆိုပြီးတော့ ရေးသားထားတာပါ။

ဒီဗီဒီယိုထဲမှာတော့ အေးမြတ်သူတစ်ယောက်တစ်နေ့တည်းနဲ့ ဝတ်စုံတွေအများကြီးကို လဲလှယ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ အေးမြတ်သူကတေ့ာ တကယ့်ကိုအလုပ်ကြိုးစားတဲ့သူတစ်ယောက်ပါပဲနော်…
Source : AyeMyatThu