ကြော်ငြာ သီချင်းကို ကိုယ်တိုင်ရေးစပ်သီဆိုပြီး အုပ်စိုးခန့်နဲ့အတူပါဝင်သရုပ်ဆောင်ထားတဲ့ မေလသံစဉ်

ပရိသတ်ကြီးရေ .. မေလသံစဉ်နဲ့ အုပ်စိုးခန့်တို့ နှစ်ယောက် စုံတွဲသီဆိုထားတဲ့ ပြန်လည်ဆန်းသစ် နှောင်းတစ်ခေတ် အယ်လ်ဘမ်ထဲက ရုန်းတော် လွှတ်တော် တေးသီချင်းလေးဟာ ပရိသတ်တွေကြားမှာ အတော်လေး ရေပန်းစားပြီး အောင်မြင်ခဲ့ပါတယ် ။ Joox ရဲ့ Top 10 နေရာမှာတောင် အချိန်အတော်ကြာရပ်တည်နေခဲ့ပြီး အားပေးဝန်းရံမှုတွေ ရရှိခဲ့တာပါ ။

ရုန်းတော်လွှတ်တော် သီချင်းမှာ အတွဲညီညီနဲ့ သီဆိုဟန်ရော သရုပ်ဆောင်ဟန်ရော လိုက်ဖက်မှုရှိခဲ့တဲ့ အုပ်စိုးခန့်နဲ့ မေလသံစဉ်တို့နှစ်ယောက်ကတော့ မကြာသေးမီက အနုပညာလှုပ်ရှားမှုအနေနဲ့ ရွှေသမီး စိန်ရွှေရတနာ ကြော်ငြာရိုက်ကူးခဲ့ကြပါတယ် ။ ဒီ ကြော်ငြာသီချင်းလေးကို မေလသံစဉ်က သူမကိုယ်တိုင် ရေးစပ်သီဆိုပြီး အုပ်စိုးခန့်နဲ့အတူ လိုက်ဖက်ညီညီ ကခုန်ပြီး ရိုက်ကူးခဲ့တာဖြစ်လို့ ဒီကြော်ငြာလေးက မြူးကြွပြီး ပရိသတ်တွေ အကြိုက်တွေ့မယ်လို့ထင်ပါတယ်နော် ။

ဒီကြော်ငြာအတွက် ပထမပိုင်းကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကိုမျှဝေပေးခဲ့တာဖြစ်ပြီး နောက်ထပ်အပိုင်းတွေကိုလည်း ပရိသတ်တွေက အရမ်းကိုကြည့်ချင်နေပြီဆိုတဲ့ မှတ်ချက်တွေပေးထားကြတာတွေ့ရပါတယ် ။ မေလ နဲ့ အုပ်စိုးခန့်တို့ရဲ့ ချစ်ပရိသတ်ကြီးအတွက်လည်း မြူးကြွပြီးချစ်စရာကောင်းတဲ့ ကြော်ငြာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : May Melody
Emily (Cele Gabar)