ချစ်ရတဲ့သမီးလေးရဲ့ (၄) လပြည့်မွေးနေ့လေးကို ကျင်းပပေးခဲ့တဲ့ အာဇာနည်

ပရိသတ်ကြီးရေ အသံပါဝါအားကောင်းကောင်းနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော် အာဇာနည်ကတော့ သာယာတဲ့မိသားစုဘဝလေး တစ်ခုကို ပိုင်ဆိုင်ခွင့်ရရှိထားတဲ့အနုပညာရှင်တစ်ယောက်ပါ ။ ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန် ဆိုတဲ့ သားလေး နှစ်ယောက်နဲ့ မစ်မစ်တုန် ဆိုတဲ့ သမီးလေးတစ်ယောက် ရှိပြီး လူတိုင်းအားကျရတဲ့ မိသားစုဘဝလေးကို ရရှိထားတာပါ ။

ဒီနေ့ စက်တင်ဘာလ (၁၄) ရက်နေ့ကတော့ သမီးအငယ်ဆုံးလေး မစ်မစ်ရဲ့ (၄) လပြည့်မွေးနေ့လေးဖြစ်ပြီး ချစ်တဲ့သမီးလေး ဒီကမ္ဘာကြီးပေါ် ရောက်လာတာ လေးလပြည့်တဲ့နေ့ အမှတ်တရလေးပေါ့ ဒီအချိန်မှာ လူအများမပျော်ရွှင်နိုင်မှန်းသိပါတယ် တစ်ချိန် သမီးလေးကြီးလာရင် ပြန်ကြည့်လို့ရအောင် အမှတ်တရပုံလေးတွေ ရိုက်ဖြစ်တယ် ဆိုတဲ့စာသားလေးနဲ့အတူ အာဇာနည်က သမီးလေးရဲ့ မွေးနေ့ အမှတ်တရ ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ပရိသတ်တွေကလည်း မစ်မစ်လေးအတွက် မွေးနေ့ ဆုတောင်းလေးတွေ အများကြီးပေးခဲ့ကြပါတယ် ။

အများနဲ့အတူ ကပ်ဆိုးကြီးကိုရင်ဆိုင်ကျော်လွှားနေရတဲ့ထဲမှာ အပြစ်မသိတေးတဲ့ ကလေးငယ်တွေကို ပိုလို့သနားမိတယ် ဒီကမ္ဘာမြေကြီးအမြန်ကျန်းမာပြီး သာယာလှပနိုင်ပါစေ ကမ္ဘာသူကမ္ဘာသား အားလုံးနဲ့အတူ သတ္တဝါအားလုံး ကျန်းမာပျော်ရွှင်မိုင်ကြပါစေ လို့လည်း အာဇာနည်က ဆုမွန်ကောင်းတောင်းရေးသားထားပါသေးတယ် ။ သမီးလေး မစ်မစ်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာထိ အသက်ရှည်ကျန်းမာပါစေလို့ ဆယ်လီကမ္ဘာကလည်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Zarni MyoNyut
Emily (Cele Gabar)