မွေးနေ့အတွက် အုပ်စုလိုက်သွေးလှူဒါန်းပေးခဲ့ကြတဲ့ ထိုင်းပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့တဲ့ ပိုင်တံခွန်

ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်နဲ့ချစ်စဖွယ်အပြုံးလေးတွေ ပိုင်ဆိုင်ထားသူပိုင်တံခွန်ကတော့ မြန်မာမိန်းကလေးတွေကြားမှာသာမက ထိုင်းပျိုဖြူတွေကြားမှာပါ ရေပန်းစားသူတစ်ယောက်ပါ။ လာမယ့် စက်တင်ဘာလ(၁၇) ရက်နေ့လေးကတော့ ပိုင်တံခွန်ရဲ့အသက်(၂၄) နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး ထိုင်းက အမာခံပရိသတ်တွေကတော့ ပိုင်တံခွန်မွေးနေ့အတွက် စုပေါင်းသွေးလှူဒါန်းပေးခဲ့ကြပါတယ်။

ပိုင်တံခွန်ကတော့ သူ့အတွက်ရည်ရွယ်ပြီး သွေးလှူဒါန်းပေးခဲ့တဲ့အပေါ်မှာ ” ဘာပြောရမှန်းတောင်မသိပါဘူးဗျာ တကယ်ကောင်းမွန်တဲ့ အလုပ်မို့လို့ ဝမ်းသာပီတိဖြစ်သလို သာဓုလည်း ခေါ်ပါတယ် ” ဆိုပြီး ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာလည်း ပရိတ်သတ်တွေ နဲ့ စုပေါင်းပြီး သွေးလှူဖို့ စီစဉ်ထားပေမယ့် ရောဂါအခြေနေတွေကြောင့် လူစုလူဝေးဖြစ်မှာစိုးလို့ မလုပ်ဖြစ်ခဲ့ပါဘူးတဲ့ပရိသတ်ကြီးရေ…

ဘယ်လိုပဲဖြစ်ဖြစ် မွေးနေ့မရောက်ခင်ကတည်းက ကြိုပြီး မွေးနေ့အတွက်အလှူလုပ်‌ပေးကြတဲ့ မြန်မာပရိသတ် ထိုင်းပရိသတ် အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ ။ အရမ်းလည်းချစ်ပါတယ် ဆိုပြီးရေးသားဖော်ပြခဲ့ပါတယ်။ အရမ်းချစ်တတ်လွန်းတဲ့ ထိုင်းက အမာခံပရိသတ်တွေရဲ့သွေးလှူဒါန်းမှုပုံရိပ်လေးတွေကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source – Paing Takhon, PTK FC Thailand
Rainbow- Cele Gabar