သားလေး Roar ရဲ့ (၄) နှစ်ပြည့်မွေးနေ့လေးအတွက် ရင်ထဲက ဆန္ဒတွေကိုထုတ်ပြောလာတဲ့ ဆုပန်ထွာ

စက်တင်ဘာလ (၁၅) ရက်နေ့ ကတော့ ဆုပန်ထွာရဲ့သားလေး Roar ရဲ့ (၄) နှစ်ပြည့်မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ။ ဒီ(၄)နှစ်အတွင်း ပိုလာတာဆိုလို့ (၄) နှစ်မပြည့်ခငအတွင်း သားအမိနှစ်ယောက် ရန်ခဏခဏဖြစ်ရတာ ပိုလာခဲ့ပါတယ်တဲ့ ။ ၄နှစ်ပြည့်ပြီမို့ သူ့အိုင်တင်တွေ ပြောတဲ့စကားတွေကပိုချစ်စရာကောင်း၊ရယ်စရာကောင်းလာသလို …ပြောမရဆိုမရကန့်လန့်တိုက်တတ်လာတဲ့အခါ နားလည်အောင်အာပေါက်အောင်ပြောပြရသလို ဆူရ၊မာန်ရ၊ တုတ်နဲ့‌ခြောက်ရ တဲ့အလုပ်တွေပိုလာပါခဲ့ပြီး နည်းနည်းကြီးလာတော့သက်သာမယ်ထင်တာ ပိုမောလာတာတော့ သေချာပါတယ်လို့ ရေးသားဖော်ပြလာခဲ့ပါတယ် ။

Happy Birthday My Lovely Son! မာမားရဲ့ဒီဗိုက်ကြီးထဲကထွက်လာခဲ့တာ ၄ နှစ်ပြည့်ပြီပေါ့။ အခုဆိုကျောင်းတောင်တက်တဲ့အရွယ်ရောက်ခဲ့ပြီ။ ကျန်းမာစွာ၊လိမ္မာစွာ ဖေဖေ၊မေမေ အပေါ်သိတတ်စွာနေပေးတဲ့သားလေးမို့ မာမားကျေးဇူးတင်မိတယ်။ကျန်းမာစွာနေပေးလို့လည်းကျေးဇူးတင်တယ်။သားအပေါ်နေ့တိုင်း စိတ်ရော၊ကိုယ်ရော ၂ခုလုံးမနားပဲပြုစုပျိုးထောင်ရတာ ၄နှစ်ပြည့်ခဲ့ပြီ။ပြောရရင်အဓိက အပျိုတုန်းကလိုအိပ်ရေးဝဝမအိပ်ရတော့တာ၊ကောင်းကောင်းမအိပ်ရတော့တာ ၄နှစ်ပြည့်ပြီပေါ့။ Movies သိပ်ကြိုက်တဲ့ကျွန်မ၊ ကားတစ်ကားကိုအစအဆုံးမကြည့်ရတော့တာ၊ကြည့်ခွင့်မရတော့တာ ၄နှစ်ပြည့်ပြီပေါ့။

သီချင်းတွေနားထောင်ချင်ရင်တောင် အိမ်မှာ ကားပေါ်မှာ ဖွင့်လိုက်ရင် ကလေးသီချင်း Baby Song လေးတွေပဲ နားထောင်ရင်းလိုက်ဆိုခဲ့ရတာလည်း ၄နှစ်ပြည့်ခဲ့ပေါ့။ ဒူးပြဲနဖူးကွဲမဖြစ်အောင်၊ခြင်မကိုက်အောင်၊ဖျားတာနာတာမဖြစ်ရအောင်၊လက်သည်းခြေသည်းတွေရှည်မနေရအောင်၊ နောက်ဆုံးထမင်းစားရင်ဘယ်နှစ်လုပ်စားလဲကအစ မားမားဒီနေ့ဒီ ချိန်ထိလိုက်ရေနေတုန်းမို့…မာမားကိုယ်စွမ်းညာဏ်စွမ်းရှိသလောက် ပြုစုစောင့်ရှောက်ပါမယ်။သားလေးကိုချစ်တယ် ဆိုတဲ့ စာသားလေးနဲ့အတူ သားလေး အတွက် သူမရဲ့ ဆန္ဒတွေကို မွေးနေ့လက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ် ။

Source : Su Pan Htwer
Emily (Cele Gabar)