ရိုးမရိပ်သာအဆောင်တွေအတွက် အဲကွန်း(၅) လုံးလှူဒါန်းပေးခဲ့တဲ့ စမိုင်းလ်

မြန်မာနိုင်ငံမှာ ကိုဗစ်ကာလစတင်ကတည်းက လိုအပ်နေတဲ့နေရာတွေကို လက်မနှေးကူညီနေသူကတော့ စမိုင်းလ်ပါ။ ပုံမှန်အားဖြင့်လည်း အလှူဒါနလက်နဲ့မကွာဆိုသလို လှူဒါန်းပေးနေသူတစ်ဦးဖြစ်ပြီး အခုလိုကိုဗစ်ကာလမှာလည်း အသက်ရှုစက်သုံးလုံး သိန်းလေးရာကျော်လှူဒါန်းပေးခဲ့တဲ့အပြင် လိုအပ်နေတဲ့အိမ်ထောင်စုပေါင်းများစွာအတွက်လည်း ဆန်၊ဆီ၊ စားသောက်ကုန်တွေထောက်ပံ့ခဲ့သူပါ။

ဒီတစ်ခေါက်မှာလည်း Q Center တစ်ခုဖြစ်တဲ့ ရိုးမအဆောင်တွေမှာ အဲကွန်းတပ်ဆင်ဖို့ (၁၆၈) လုံးလိုအပ်လျက်ရှိပြီး စမိုင်းလ်ကတော့ Covid-19 Positive လူနာအဆောင်အတွက် အဲကွန်း(၅) လုံး၊ တန်ဖိုးငွေ (၂၂)သိန်း(၅) သောင်းတိတိကို လှူဒါန်းပေးခဲ့ပြန်ပါတယ်။ စမိုင်းလ်ကတော့ သူ့ရဲ့အလှူလေးကို ” ယနေ့အလှူ ရိုးမရိပ်သာအဆောင်တွေအတွက် အဲကွန်းလိုအပ်နေလို့ အဲကွန်း ( ၅ ) လုံး လှူဒါန်းခဲ့ပါတယ်။ မြန်မာပြည်ကြီး ကပ်ဘေးဆိုးကြီးမှအမြန်ဆုံးလွတ်မြောက်ပါစေ” ဆိုပြီး မျှဝေဖော်ပြခဲ့ပါတယ်။

ဒီအလှူလေးကတော့ ကိုယ့်အိမ်နဲ့ခွဲပြီး Q ဝင်နေရတဲ့သူတွေ သက်တောင့်သက်သာနဲ့ အဆင်ပြေပြေနေနိုင်ဖို့ တကယ်လိုအပ်နေတဲ့အလှူလေးပါပဲနော်..လိုအပ်ချိန်တိုင်းမှာ ကာလဒါနအလှူလေးအနေနဲ့ လက်မနှေးကူညီတတ်တဲ့ စမိုင်းလ်တို့မိသားစုရဲ့အလှူလေးအတွက် သာဓုခေါ်ပေးခဲ့ကြပါဦး ပရိသတ်ကြီးရေ…


Source – Smile စမိုင်းလ်
Rainbow- Cele Gabar