လှူဒါန်းမယ့်ဝယ်ယူသူတွေအတွက် အိမ်တိုင်ရာရောက်ကိုယ်တိုင်ပို့ဆောင်ပေးတော့မယ့် နေဒွေး

ပရိသတ်အချစ်တော် မင်းသားချောလေး နေဒွေးကတော့ အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးအဖြစ် လင်းရောင်ခြည်ပွဲရုံ မှာ ဦးဆောင်လုပ်ကိုင်နေတဲ့သူလည်းဖြစ်ပါတယ် ။ လတ်တလောမှာတော့ နေဒွေးရဲ့ လင်းရောင်ခြည်ပွဲရုံမှ လှူဒါန်းဖို့လာရောက်ဝယ်ယူတဲ့ သူတွေကို မေတ္တာလက်ဆောင်တွေပေးပြီး ကိုယ်တိုင်အိမ်လိုက်ပို့နေတယ်လို့သိရပါတယ် ။

အလှုများအတွက် ဈေးနှုန်း ရွေးချယ်လို့ရသော ဆန်အမျိုးအစားပေါင်းများစွာ နှင့်အတူ ဆီ အမျိုးမျိုး (ပဲဆီ ၊ နှမ်းဆီ ၊ စားအုန်းဆီ ၊ ဟင်းရွက်ဆီ၊ နေကြာဆီ) ၊ အာလူး ၊ ကြက်သွန် ၊ ဆား ၊ ပဲအမျိုးမျိုး တို့ကို One Stop Service အိမ်တိုင်ရာရောက်လက်လံပို့ဆောင်ပေးနေတာဖြစ်ပါတယ် ။ ဆန်အိတ် ၃၀ နှင့်အထက် မှာယူသူများကို လည်း ဆီ ၆ပိဿာကို အလှုအတွက်မေတ္တာလက်ဆောင်ထည့်ဝင်လှုဒါန်းပေးနေပြီး ဆန်အိတ် ၃၀အထက်မှာယူသူများကို နေဒွေး ကိုယ်တိုင်အိမ်တိုင်ရာရောက်လိုက်လံပို့ဆောင်ပေးနေတယ်ဆိုတဲ့ အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အသိပေးမျှဝေပေးခဲ့တာဖြစ်ပါတယ် ။

တောင်ဒဂုံ (၂၀ )ရပ်ကွက် အလှုရှင်တစ်ဦးမှ ကျွန်တော်တို့ လင်းရောင်ခြည်ပွဲရုံမှ ဆန် ၂၅အိတ် ၊ ဆီ ၅၀သား ဗူး ၁၂၀ ၊ အာလူး ပိဿာ ၂၀၀ တို့ကိုမှာယူပြီးအခြေခံလူတန်းစားများကိုအလှုပြုလုပ်ပေးခဲ့တဲ့အကြောင်းကိုလည်း ရေးသားမျှဝေပေးထားပါသေးတယ် ။ အခုလို လှူဒါန်းချင်သူတွေအနေနဲ့လည်း နေဒွေးဆီကမှာယူပြီး အတူတူလှူဒါန်းနိုင်ပြီဖြစ်ကြောင်း သတင်းပေးလိုက်ပါတယ်နော် ။

Source : Nay Dway
emily (Cele Gabar)