အထက်မြန်မာပြည်တခွင်က ပရိသတ်တွေအခိုင်မာရရှိအောင်လုပ်ပေးလိုက်တဲ့ သီချင်းတစ်ပုဒ်အကြောင်းပြောပြလာတဲ့ ဒေါင်းဝေ

ပရိသတ်တွေအားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်သလို ကျရာ ကာရိုက်တာကို ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ဒေါင်းဝေကိုတော့ ပရိသတ်တွေ အားလုံးသိပြီးဖြစ်မှာပါနော် ။ MRTV-4 ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ ဇာတ်ပို့ သရုပ်ဆောင်တစ်ယောက်ဆိုလည်း မမှားပါဘူးနော် ။ ဒေါင်းဝေကတော့ သူ့ရဲ့နေ့စဉ်လှုပ်ရှားမှု နဲ့ အနုပညာလှုပ်ရှားမှုတွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အမြဲ မျှဝေပေးနေတဲ့ အနုပညာရှင်တစ်ယောက်ပါ ။

လတ်တလောမှာတော့ အထက်မြန်မာပြည်က ပရိသတ်တွေ အခိုင်အမာရရှိစေခဲ့တဲ့ သီချင်းတစ်ပုဒ်အကြောင်းကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ သီချင်းနာမည်ကတော့ မန္တလာသူညိုချောလေး လို့အမည်ရပြီး ဒီသီချင်းလေးတစ်ပုဒ်တည်းနဲ့ အထက်မြန်မာပြည်တစ်ခွင် ပရိတ်သက်အခိုင်အမာရ လာခဲ့တာဖြစ်တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ် ။ အခုလို ပရိသတ်အခိုင်အမာ ရအောင်လုပ်ပေးလိုက်တဲ့ ကျွန်တော့ရဲ့တေးရေးဆရာ ကိုစိုးအောင် or Nanda Aung ကိုဒီနေ့ထိကျေးဇူးတင်မဆုံးပါဘူး ။ အညာဒေသဘယ်ပွဲရောက်ရောက်ဒီသီချင်းတစ်ပုဒ်ကကျွန်တော်မဆိုမနေရသီချင်းဖြစ်လာခဲ့တယ် ဆိုတဲ့စာသားလေးနဲ့အတူ တေးရေး နန္ဒအောင်ကို ကျေးဇူးတင်စကားဆိုထားပါသေးတယ် ။

ဒါ့အပြင် ဒီသီချင်းလေးနဲ့အတူ ပရိသတ်တွေ တိုးမပေါက်အောင် အားပေးကြမ်းခဲ့တဲ့ ဗီဒီယိုလေးကို ပရိသတ်တွေ ကြည့်ရှုနိုင်ဖို့ ပြန်လည်မျှဝေပေးထားပါသေးတယ် ။ ချစ်ပရိတ်သက်တွေကျမ်းမာရေးဂရုစိုက်ကြဖို့နဲ့ အခြေနေတွေအေးချမ်းသွားရင်အတူတကွပြန်ဆုံကြမယ်လို့လည်း ရေးသားထားပါသေးတယ် ။ ဒေါင်းဝေကိုချစ်ခင်ကြတဲ့ ချစ်ပရိသတ်ကြီးအတွက်လည်း ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Daung Wai
Emily (Cele Gabar)