ကျန်းမာရေးအတွက် လိုအပ်မယ့်အချက်လေးတွေကို အနုပညာ အလှအပ ရှုခင်း တွေနဲ့ ပြသခဲ့တဲ့ ခေးဆက်သွင်

MRTV-4 မင်းသမီးလေးလို့ လူသိများတဲ့ နာမည်ကျော်မင်းသမီးလေး ခေးဆက်သွင်ကတော့ ပရိသတ်တွေရဲ့ အချစ်တွေကိုအများကြီးရထားတဲ့မင်းသမီးလေးပါ ။ သူမရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲတွေဟာ ပရိသတ်တွေတော်တော်လေး အကြိုက်တွေ့ခဲ့ကြပြီး အားပေးမှုတွေ တခဲနက်ရရှိခဲ့တာပါ ။ လတ်တလောမှာတော့ သူမဟာ အနုပညာရှင်တစ်ယောက်ဆိုပေမယ့်ပြည်သူထဲက ပြည်သူမို့ အားလုံးအတွက် တစ်ဖက်တစ်လမ်းကနေ အကြံဉာဏ်ကောင်းလေးတွေ ဖြစ်မယ်လို့မျှော်လင့်ပြီး လွန်ခဲ့သော တစ်ပတ်လောက်ကတည်းကကြိုတင်ပြင်ဆင်ခဲ့တဲ့အကြောင်းကို ပြောပြလာခဲ့ပါတယ် ။

အားလုံး စိတ်ညစ်ညူးနေချိန်မို့ ပညာပေးဆန်ဆန်မျိုးလည်း မဖြစ်အောင် ကျန်းမာရေးအတွက်  လိုအပ်မယ့်အချက်လေးတွေကို အနုပညာ အလှအပ ရှုခင်း တွေနဲ့ ချော့မော့ရင်း နားတော်သွင်းတယ်လို့လည်းမှတ်ယူချင် မှတ်ယူပါလေ….အမှားပါခဲ့ရင်လည်း ကြိုးစားပြင်ပါ့မယ်..အားလုံးသိစေဖို့ ကူညီမျှဝေဖို့လည်း မျှော်လင့်ပါတယ် ဆိုတဲ့စာသားလေးနဲ့အတူ ကျန်းမာရေးအတွက် လိုအပ်ချက်တွေကို အနုပညာဆန်ဆန် ဖန်တီးပြသခဲ့တာဖြစ်ပါတယ် ။ ဓာတ်ပုံ မြတ်ဘုန်းနိုင်က ရိုက်ကူးပေးထားတာဖြစ်ပြီး မိတ်ကပ် လီလီအုန်းက ပြင်ဆင်ခြယ်သပေးထားတာလည်းဖြစ်ပါတယ် ။

သူမပေးချင်တဲ့ မက်ဆေ့ချ်ကို သိရှိနားလည်တဲ့ ပရိသတ်တွေကတော့ အားပေးထောက်ခံခဲ့ကြပြီး ပရိသတ်အချို့ကလည်း သူမရဲ့ ပုံရိပ်တွေကို ထိုင်းမင်းသမီးလေးနဲ့ဆင်တယ်ဆိုတဲ့ မှတ်ချက်လေးတွေပေးခဲ့ကြပါတယ် ။ ခေးဆက်သွင်ကိုချစ်ခင်ကြတဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက်လည်း သူမရဲ့ အနုပညာနဲ့ ချပြထားတဲ့ ပုံရိပ်လေးတွေကို ထပ်ဆင့်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Khay Sett Thwin,Emily ( Cele Gabar)