မရမ်းကုန်းမြို့နယ်က အခြေခံလူတန်းစားတွေအတွက် ဆန်အိတ်နဲ့ ဆီဘူးတွေလှူဒါန်းပေးခဲ့တဲ့ မြင့်မြတ်

မြန်မာနိုင်ငံမှာ ကိုဗစ်ကာလစတင်ကတည်းက အလုပ်တချို့ရပ်သွားတာကြောင့် ခက်ခဲနေတဲ့အခြေခံလူတန်းစားတွေကို တတ်နိုင်သူတွေက ကူညီပေးခဲ့ကြပြီး ကိုဗစ်ပထမလှိုင်းကို အကောင်းဆုံးဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။ အခုလို လှူဒါန်းကြတဲ့သူတွေထဲမှာ ငွေကြေးတတ်နိုင်သူတွေသာမက ပြည်သူချစ်အနုပညာရှင်တွေပါ ပါဝင်ခဲ့ကြပါတယ်။

ဒါပေမယ့် အလုပ်တွေပြန်စပြီး ခဏအကြာမှာပဲ ဒုတိယလှိုင်းစတင်ခဲ့ပြန်တာကြောင့် အလှူရှင်တွေ လှူဒါန်းနိုင်ပါ့တော့မလား စိုးရိမ်နေကြရတဲ့ အနေအထားရောက်လာခဲ့ပါတယ်။ ဒါပေမယ့် အခုလို ကိုဗစ်ဒုတိယလှိုင်းမှာ မြင့်မြတ်ကတော့ ပထမဆုံးအကြိမ်လှူဒါန်းမှုစတင်ခဲ့ပြီ ဖြစ်ပါတယ်။ မရမ်းကုန်းမြို့နယ် (၁၀) ရပ်ကွက်က အခြေခံလူတန်းစားတွေအတွက် ဆန်အိတ်နဲ့ ဆီများကို တတ်နိုင်သလောက် လှူဒါန်းပေးခဲ့ကြောင်း မျှဝေလာပါတယ်။

အခုလို လူတော်တော်များများ ခက်ခဲနေတဲ့ကာလကြီးမှာ ရှိတဲ့သူက မရှိတဲ့သူကို ကူညီဖေးမရင်း ဒီကာလဆိုးကြီးကို ဖြတ်သန်းဖို့ကြိုးစားနေကြတာကတော့ တကယ်ကို မင်္ဂလာတစ်ပါးပါပဲ ပရိသတ်ကြီးရေ… လူအား၊ငွေအားနဲ့ တတ်နိုင်သမျှကူညီနေကြတဲ့လူတွေကြားမှာ သရုပ်ဆောင်မြင့်မြတ်လည်း ဒုတိယလှိုင်းအတွက် ပထမဆုံးအလှူလေးပြုလုပ်ပေးခဲ့ကြောင်း မျှဝေပေးလိုက်ပါတယ်။


Source – Myat Wai Tun
Rainbow- Cele Gabar

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …