အဒေါ် ရာထူးထပ်ဆင့်တိုးသွား ပြီဖြစ်တဲ့ သဇင်ထူးမြင့်

ပရိသတ်ကြီးရေ နိုင်ငံကျော်ဟာသ သရုပ်ဆောင် လူရွှင်တော် ဦးခင်လှိုင်ကတော့ နေရဲ ၊ သဇင်ထူးမြင့်နဲ့ ကိုဖြိုးသီဟ တို့ရဲ့ ဖခင်ဖြစ်ပြီး အကြီးဆုံးသား ကိုဖြိုးကတော့ အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့မြေးလေးတွေ မွေးပေးထားပါတယ် ပရိသတ်ကြီးရေ ..။ စက်တင်ဘာလ (၁၆) ရက်နေ့မှာတော့ သဇင်ထူးမြင့်တစ်ယောက် အဒေါ်ရာထူးကို ထပ်ဆင့်တိုးသွားပြီကြောင်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြလာခဲ့ပါတယ် ။

ဒီနေ့ပဲ အဒေါ်ရာထူး ထပ်ဆင့်တိုးပါတယ်…အမယ်လေး တီတီအတိုင်း ပါးဖောင်းလေး  တွေ့ချင်လိုက်တာ ရွှေခေတ်လေးရယ်… ရွှေပိုး၊ရွှေနှစ်၊ရွှေခေတ် သုံးယောက်ပေါင်းပြီး ဒီတီတီအသဲကိုခြွေတော့မယ်….အရမ်းတွေ့ချင်နေပြီမီးလေးရေ…. တူမချောလေးကိုမွေးပေးတဲ့ အမတစ်ယောက်လို သဲအပေါ်အမြဲကောင်းတဲ့ ယောင်းယောင်းလေးကိုကျေးဇူးပါ ဆိုတဲ့စာသားလေးနဲ့အတူ တူမ အသစ်လေးရဲ့ ပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ မျှဝေပေးလာခဲ့တာပါ ။

ဦးခင်လှိုင်ကလည်း ဖိုးဖိုး ဖွါးဖွါးတို့ရဲ့ အသဲကိုကိုင်လှုပ်မယ့် ဒုတိယမြေးမလေးရွှေခေတ် ၁၆.၉.၂၀၂၀ ..ညနေ ၆:၂၀ ရာဟုသမီးလေးဖိုးဖိုးတို့မိသားစုအားလုံးကနွေးထွေးစွာကြိုဆိုပါတယ် ချစ်မြေးမလေး ရွှေခေတ်ရေ ဆိုတဲ့ စာသားလေးနဲ့အတူ ဒုတိယ မြေးမလေးရဲ့ နွေးထွေးစွာကြိုဆိုကြောင်း လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားခဲ့ပါတယ် ။

Source : Thazin Htoo Myint
Emily (Cele Gabar)