ဖုန်းကြိုမဆက်ဘဲ အရေးပေါ်ဌာနကို သွားရောက်လှူဒါန်းခဲ့တဲ့အတွေ့ကြုံလေးကို ပြောပြလာတဲ့ ယွန်းယွန်း

ပရိသတ်ကြီးရေ ဆံနွယ်ရှည်ရှည်လေးနဲ့ ပါးချိုင့်လေးခွက်နေအောင်ပြုံးတတ်တဲ့ ပရိသတ်အချစ်တော် ကလေး သရုပ်ဆောင် ယွန်းယွန်းလေးကတော့ အခုဆို အပျိုကြီးဖားဖား ဖြစ်ပြီး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ် ။ မကြာခဏ ဆိုသလို လှူဒါန်းမှုတွေလည်း ပြုလုပ်တတ်ပြီး လတ်တလောမှာတော့ အရေးပေါ်ဌာနကို သွားရောက်လှူဒါန်းခဲ့တယ်လို့သိရပါတယ် ။

စက်တင်ဘာလ (၁၆) ရက်နေ့ မနေ့က အရေးပါ်ဌာနမှာ ယွန်းယွန်းတို့ ဖုန်းကြိုမဆက်ဘဲ လှူဖို့သွားခဲ့ကြပြီး ရောက်မှဆက်လိုက်တော့ လက်ထောက်ကထိကကိုယ်တိုင်ထွက်ပြီး အလှူငွေနဲ့အလှူပစ္စည်းတွေကိုလက်ခံပေးခဲ့ပြီး နောက်တစ်ခေါက်ပြန်ဝင်သွားပြီး ဂုဏ်ပြုလက်မှတ်ပါပြန်ရေးလာပေးခဲ့တယ်လို့ ပြောပြလာခဲ့ပါတယ် ။ သူမရဲ့ လှူဒါန်းမှုက အားလုံးပေါင်းမှ ၅မိနစ်လောက်ပဲရှိခဲ့ပြီး ဆေးရုံရှေ့တင်ဒီလိုလှူဖူးတာ ပထမဆုံးမို့ အမှတ်တရလေးပါပဲ.. လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့ပါတယ် ။

YGH Emergency Department. မှာသွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး ယွန်းရဲ့အလှူလေးအတွက် ပရိသတ်တွေက သာဓုတွေခေါ်ဆိုခဲ့ကြပြီး ဒီထက်မက လှူနိုင်တန်းနိုင်ပါစေ ဆိုတဲ့ ဆုမွန်ကောင်းလေးတွေ ပေးခဲ့ကြပါတယ် ။ ယွန်းကိုချစ်တဲ့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ယွန်းရဲ့အလှူပုံရိပ်လေးတွေကိုလည်း ထပ်ဆင့်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Yoon Yoon
Emily (Cele Gabar)