နိုင်ငံကျော် ဟာသသရုပ်ဆောင်ကြီး ဦးပလာတာ ကွယ်လွန်

တစ်ခေတ်တစ်ခါက ပရိသတ်တွေ ရယ်မောပျော်ရွှင်စေဖို့ အနုပညာနဲ့ ပေးဆပ်ခဲ့ကြတဲ့ ဟာသ လူရွှင်တော်ကြီးတွေဟာ တစ်ယောက်ပြီးတစ်ယောက် ချစ်ရတဲ့ ပရိသတ်တွေကို ခွဲခွာပြီး ကြွေလွင့်သွားခဲ့ပါပြီ ။ ဒီနေ့ စက်တင်ဘာလ (၁၇) ရက်နေ့မှာလည်း စိတ်မကောင်းစွာနဲ့ နောက်ထပ် အနုပညာကြယ်ပွင့်တစ်ပွင့် ထပ်မံကြွေလွင့်ခဲ့ရပြန်ပါပြီ ။

ဟာသ သရုပ်ဆောင် ကြီး ဦးပလာတာဟာ ဒီနေ့ စက်တင်ဘာလ(၁၇) ရက်နေ့ မနက် (၂) နာရီလူကြီး ရောဂါနဲ့ဘဝတစ်ပါးသို့ ပြောင်းရွှေ့ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ် ။ ကွယ်လွန်ချိန်မှာ ဘဘ ဦးပလာတာ ရဲ့အသက်ဟာ (၉၁) နှစ်ရှိခဲ့ပြီဖြစ်ပါတယ် ။ တစ်ချိန်က ပရိသတ်တွေကို ဟာသတွေနဲ့ရယ်မောစေ ၊ ဘဝအမောတွေပြေစေခဲ့တဲ့ လူရွှင်တော်ကြီး ဦးပလာတာအတွက် ပရိသတ်တွေလည်း မိသားစုနဲ့ထပ်တူ စိတ်မကောင်းဖြစ်နေကြမယ်ထင်ပါတယ် ။

ပရိသတ်တွေကတော့ ဘဘ ဦးပလာတာတစ်ယောက် ကောင်းရာမွန်ရာ ရောက်ဖို့အတွက် ဆုမွန်ကောင်းတွေ တောင်းပေးထားခဲ့ကြပါတယ် ။ ဘဘဦးပလာတာ ကောင်းရာဘုံဘဝကိုရောက်ရှိပြီး အေးချမ်းစွာအနားယူနိုင်ပါစေလို့ ဆယ်လီကမ္ဘာကလည်း ဝမ်းနည်းကြေကွဲစွာဖြင့် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : U Aye Kyu Lay
Emily (Cele Gabar)