အသက်(၅၀) ပြည့်မွေးနေ့အမှတ်တရအနေနဲ့ Covid-19 ကာကွယ်ရေးအတွက် လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ လွင်မိုး

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါက ပရိသတ်တွေ အသည်းစွဲကြိုက်ခဲ့ကြတဲ့ မင်းသားချော တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်လွင်မိုး ကတော့ (၁၉၇၀) ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ့မှာမွေးဖွားခဲ့ပြီး ဒီနေ့ ကတော့ အသက် (၅၀) ပြည့်မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ။ ဒီနေ့မှာ မွေးနေ့ အမှတ်တရအဖြစ်နဲ့ အလှူအတန်းတွေပြုလုပ်ခဲ့ပါတယ် ။

ဒီနေ့..၅၀..ပြည့်ပါတယ်..ရွှေရတုပေါ့ We love yangon နဲ့… နေရာတချို့…အလှုလုပ်ဖြစ်ခဲ့ပါတယ်.. ဆိုတဲ့စာသားနဲ့အတူ လွင်မိုးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မွေးနေ့အလှူ ပုံရိပ်တွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့တာဖြစ်ပါတယ် ။ Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုရန် အတွက် အလှူငွေ (၉) သိန်းကျပ်တိတိကို လှူဒါန်းခဲ့တာပဲဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ လွင်မိုးအတွက် မွေးနေ့ဆုမွန်ကောင်းတွေ အများကြီး တောင်းပေးထားကြတာကိုလည်းတွေ့ရပါတယ် ။

လွင်မိုးကတော့ Covid..ကာလမှာ အားလုံးဘေးရန်ကင်းပြီး ပျော်ရွှင်စရာကောင်းတဲ့…..ပုံမှန်ဘဝကိုအမြန်ဆုံးပြန်ရောက်ပါစေ ဆိုသောဆု…တခုသာပေးပါ. လို့ ရေးသားဖော်ပြထားတာတွေ့ရပါတယ် ။ ဦးလွင်မိုးရဲ့ အသက် (၅၀) ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာထိ အခုလိုလှူနိုင်တန်းနိုင်ပြီး ချစ်တဲ့မိသားစု ချစ်တဲ့ ပရိသတ်နဲ့အတူ ပျော်ရွှင်စွာနေထိုင်သွားနိုင်ပါစေလို့ ဆယ်လီကမ္ဘာက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Lwin Moe,Emily (Cele Gabar)