Miss Universe ဝင်ပြိုင်နေတဲ့ ညီမဖြစ်သူကို အားပေးဝန်းရံကြဖို့ တောင်းဆိုလိုက်တဲ့ မေ

မေကတော့ သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်အသိမှတ်ပြုအားပေးခြင်းရရှိထားသူတစ်ယောက်ပါ။ ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းတွေနဲ့ သွယ်လျလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ မေ ကတော့ အမျိုးသားပရိသတ်တွေရဲ့ တစ်ခဲနက်ဝန်းရံအားပေးခြင်းရရှိထားသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

မေကတော့ ဒီနေ့မှာ သူရဲ့ ညီမ အရင်းဖြစ်သူဖြစ်သူကို ထုတ်ကြွားလာပါတယ်။ မေရဲ့ ညီမလေးကတော့ လတ်တလောကျင်းပနေတဲ့ Miss Universe Myanamr 2020 ပြိုင်ပွဲကြီးမှာ ဟားခါးမြို့ ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ သူဇာဝင့်လွင် ပဲဖြစ်ပါတယ်။ လတ်တလောပြိုင်ပွဲအနေနဲ့ကတော့ GAC Motor ရဲ့ Miss Photogenic အလှမယ်ရွေးချယ်နေတာဖြစ်ပြီး Online Voting စနစ်နဲ့ ရွေးချယ်သွားမှာဖြစ်လို့ ညီမလေးကို ဝန်းရံပြီး Vote ပေးကြဖို့ တောင်းဆိုခဲ့တာပါ။

မေ ရဲ့ညီမလေးကို ဝန်းရံအားပေးချင်တဲ့ ပရိသတ်ကြီးအနေနဲ့ကတော့ Facebook Voting စနစ်နဲ့ တစ်ရက်ကို တစ်ကြိမ် မဲပေးခွင့်ရှိပြီး စက်တင်ဘာ(၃၀) ရက်နေ့ထိ မဲပေးလို့ရမှာပါနော်။ အစ်မလို့ပဲ ဆွဲဆောင်မှုရှိရှိ လှပနေတဲ့ သူဇာဝင့်လွင်ကို မေ ကိုအားပေးသလိုမျိုး ဝန်းရံအားပေးလိုက်ကြပါဦး ပရိသတ်ကြီးရေ…


Source – Thuzar Wint Lwin, May
Rainbow- Cele Gabar