ပရိသတ်တွေ အံ့အားသင့်သွားစေမယ့် ဓာတ်ပုံတစ်ပုံချပြလိုက်တဲ့ ဖွေးဖွေး

မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ဖွေးဖွေးကတော့ ပရိသတ်တွေရဲ့အချစ်ကိုလည်း များစွာသိမ်းပိုက်ထားသူတစ်ယောက်ပါ။ လွန်ခဲ့တဲ့ လကမှ အသက်(၃၂) နှစ်ပြည့်ထားတဲ့ဖွေးစိန်လေးကတော့ အချစ်ရေးနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာသတင်းမကြားရသေးဘဲ ဝါသနာပါရာ အနုပညာအလုပ်တွေလုပ်ရင်းပဲ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေသူပါ။

ဒီနေ့မှာတော့ ဖွေးစိန်တစ်ယောက် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပရိသတ်တွေအံ့အားသင့်သွားစေမယ့် ဓာတ်ပုံတစ်ပုံကို ချပြခဲ့ပါတယ်။ စာကို သေချာမဖတ်ရင် ဖွေးစိန်လေး ချစ်သူရသွားပြီလို့ အထင်မှားစေလောက်တဲ့ နောက်ကနေ သိုင်းဖက်ထားတဲ့ ဓာတ်ပုံလေးပါပဲ ပရိသတ်ကြီးရေ.. ဒါပေမယ့် ပုံလေးရဲ့ Caption ကိုတော့ “မသိရင်သူက ဘဲ ကြီး ပါပေါ့ ” ဆိုတဲ့စာသားလေးနဲ့အတူ Thandar Bo အကောင့်လေးကိုပါ ရေးသားထားခဲ့ပါတယ်။

ပရိသတ်တွေကတော့ ရုတ်တရက်ကြောင်သွားကြပေမယ့် သန္တာဗိုလ်မှန်းသိသွားကြတဲ့အချိန်မှာတော့ “ဘဲပါ ယုံကြပါ” ဆိုတဲ့ မှတ်ချက်လေးနဲ့ အရွှန်းဖောက်ထားတာကိုလည်း တွေ့ရမှာပါ ပရိသတ်ကြီးရေ… သန္တာဗိုလ်ကတော့ မြန်မာမိန်းကလေးတွေထဲမှာ ရှားပါးတဲ့ မြင့်မားတဲ့အရပ်ကိုပိုင်ဆိုင်ထားသူမို့ ဖွေးဖွေးနဲ့တွဲရိုက်ထားတဲ့ပုံလေးကတော့ တကယ်ကို ဖွေးဖွေးရဲ့ချစ်သူလို့ ထင်ချင်စရာပါပဲ ပရိသတ်ကြီးရေ..


Source – Phway Phway
Rainbow- Cele Gabar