Covid-19 သံသယရှိလူနာတွေထားဖို့ သိန်း(၈၀၀) နီးပါးလှူဒါန်းသွားမယ့် ခေတ်သစ်ဖောင်ဒေးရှင်း

ကိုဗစ်နဲ့ပတ်သက်ပြီး သံသယရှိလူနာတွေ ထားရှိဖို့ အခက်ခဲဖြစ်နေတဲ့အတွက် ခေတ်သစ်ဖောင်ဒေးရှင်းက လူနာတွေ ထားနိုင်ဖို့ လှူဒါန်းမှုတွေပြုလုပ်နေတယ်လို့သိရပါတယ် ။ လတ်တလောလိုအပ်ချက်အရ လူနာများထားနိုင်ဖို့ သင်္ဃန်းကျွန်းဆေးရုံမှာ ထပ်မံတည်ဆောက်လှူဒါန်းခဲ့သော ယာယီ Tent ဟာ ဒီနေ့မှာပဲ လူနာများစတင်ထားနိုင်ပြီဖြစ်ပြီး
ဖျားနာ၊ ချောင်းဆိုး၊ အနံပျောက် COVID-19 သံသယရှိလူနာတွေ (PUI) ကို Swab ယူပီး ဒီ Tent အတွင်းမှာ စောင့်ကြည့်လူနာများအဖြစ် ထားရှိမှာပဲဖြစ်ပါတယ်။


Tent အတွင်းမှာ စောင့်ကြည့်လူနာများအတွက် သက်တောင့်သက်သာရှိနိုင်မယ့် ကုတင်၊ ရေ၊ မီး၊ Aircon နဲ့တကွ light partitionပါ အခန်း30 ပါဝင်ပြီး mobileအိမ်သာအစရှိသည်တို့လည်းပါဝင်တာ ဖြစ်ပါတယ် (၂) လတာ ကာလဌါးရမ်းခ အပြီးအစီးကို ကျပ်သိန်း (၂၀၀) ကျသင့်မှာဖြစ်ပြီး ဒီလို Tent မျိူး လေးလုံး စုစုပေါင်း သိန်း (၈၀၀) ကျပ်တိတိကို (၇) ရက်သားသမီးစေတနာရှင်များနဲ့ အတူ ခေတ်သစ်ဖောင်ဒေးရှင်းက စုပေါင်းလှူဒါန်းသွားမှာဖြစ်တယ်လို့သိရပါတယ် ။ အခုဆို ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှင့် သဃင်္န်းကျွန်းဆေးရုံ သို့ လှူဒါန်းခဲ့ပြီးပြီဖြစ်ပြီး ခေတ်သစ်ဖောင်ဒေးရှင်သို့ နည်းများမဆိုပါဝင်လှူဒါန်းနိုင်ပြီဖြစ်ကြောင်း တေးသံရှင်လင်းလင်းက သူ့ရဲ့လူမှုကွန်းရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ် ။

ဆက်လက်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ လူနာများအတွက် စားသောက်ရေးအတွက်လည်း လှူဒါန်းချင်တာမို့ အလှူရှင်များအားလုံးကိုလည်း ထပ်မံနှိုးဆော်ပါရစေလို့တောင်းဆိုထားပါသေးတယ် ။ ပရိသတ်ကြီးလည်း ရောဂါဆိုးတွေ အမြန်ဆုံးပျောက်ကင်းဖို့ သံသယရှိလူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် လှူဒါန်းချင်တယ်ဆိုရင် ခေတ်သစ်ဖောင်ဒေးရှင်းကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ဆယ်လီကမ္ဘာက သတင်းကောင်းပါးလိုက်ပါတယ်နော် ။

Source : Htwe Lynn Ko
Emily (Cele Gabar)