မျက်စိတစ်ဖက်မမြင်တဲ့ အသက် (၈၀) ကျော်အဖွားကိုသွားရောက်လှူဒါန်းမယ့် နေဒွေး

သရုပ်ဆောင် မင်းသားချောလေး နေဒွေးကတော့ ဘိုးဘွားများကိုစောင့်ရှောက်ကြပါစို့ မျှဝေကြပါစို့ ဆိုတဲ့ အစီစဉ်လေးတစ်ခုကို သူ့ရဲ့ ဖန်တွေဖြစ်တဲ့ We Love Naymily တွေနဲ့အတူ စုပေါင်းလှူဒါန်းလာခဲ့တာ (၂) ကြိမ်မြောက်ရှိခဲ့ပါပြီ ။ ဒီတစ်ခေါက် တတိယအကြိမ်အတွက် သွားရောက်လှူဒါန်းတော့မယ့်အကြောင်းကို နေဒွေးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။

တတိယကြိမ်မြောက် ဘိုးဘွားများကိုစောင့်ရှောက်ကြပါစို့ မျှဝေကြပါစို့ အစီအစဉ်ရဲ့ ပထမလှူမယ့် အဖွားက ကိုဗစ်ရောဂါကြောင့်ဈေးမထွက်နိုင်တဲ့အတွက် နေရာလိပ်စာကလဲရှာမရဆိုတော့ တခြားအဖွားတစ်ယောက်ကို ပြောင်းလဲ လှူဒါန်းသွားမယ်လို့သိရပါတယ် ။ အခုလှူမယ့်အဖွားကတော့ အသက် ၈၀ကျော်နေပြီဖြစ်ပြီး ယောဂီဝတ်နဲ့ မျက်လုံးတဖက်လဲမမြင်ရှာဘူးလို့သိရပါတယ် ။

ကျောထောက်နောက်ခံသားသမီးလဲမရှိတဲ့အတွက် ဒီလအလှူလေးကို နေဒွေးတို့ We Love Naymily အဖွဲ့နဲ့အတူ မန္တလေးမှ We Love HR အဖွဲ့ ပြင်ဦးလွင်မှအမသော် တို့မှစုပေါင်းလှုဒါန်းသွားမှာဖြစ်ကြောင်း နေဒွေးက ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ် ။ နေဒွေးကို ချစ်တဲ့ ပရိသတ်ကြီးလည်း ပါဝင်လှူဒါန်းနိုင်ဖို့အတွက် Cele Gabar မှပြန်လည်မျှဝေပေးလိုက်ပါတယ်နော် .. ။

Source : Nay Dway
Emily (Cele Gabar)