နန်းဆုရတီစိုးအတွက် ကြည်နူးဖွယ် မွေးနေ့ဆုတောင်းပေးလာတဲ့ မင်းရတုပိုင်

ဒီနေ့စက်တင်ဘာလ (၁၈) ရက်နေ့ကတော့ ပရိသတ်အချစ်တော် ရှမ်း-တရုတ် ကပြားမလေး နန်းစုရတီစိုးရဲ့မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ။ နန်းစုနဲ့ အဆိုတော် မင်းရတုပိုင်တို့ကတော့ အရမ်းကို ခင်ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး နန်းစုရဲ့ မွေးနေ့အတွက် ကြည်နူးဖွယ် မွေးနေ့ဆုတောင်းလေးကို ပေးလာခဲ့ပါတယ် ။

Happy birthday ချစ်လှစွာသော သူငယ်ချင်းကောင်းကြီး ဟိုးလွန်ခဲ့တဲ့ ၂၀၀၈ ထဲကနေ ခုချိန်ထိ အမြဲကူညီတက်ပြီး စိတ်ထားမွန်မြတ်သော ချစ်သူငယ်ချင်း အခုကျရောက်တဲ့မွေးနေ့ကစပီး ဒီထက်မက အမြဲ ပျော်ရွှင်နိုင်ကာ အခုလိုပဲ အမြဲ ချောမော နုပျိုနေနိုင်ပါစေ….. အများကြီးဆုမတောင်းပေးတော့ဘူး ဘာလို့ဆို ဆုတွေကတောင်းပေးစရာမလိုအောင် အကုန်ပြည့်စုံနေသော လူသားတစ်ယောက်အဖြစ် မွေးဖွားခဲ့တာမို့ အသက်တွေကြီးပီး အိုမင်းတဲ့အထိ သူငယ်ချင်းကောင်းတယောက် အဖြစ် အမြဲ ရပ်တည်ပေးနေပါ့မယ် ဆိုတဲ့စာသားလေးနဲ့အတူ နန်းစုအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တာဖြစ်ပါတယ် ။

ဒါ့အပြင် ခင်ခဲ့တဲ့ တစ်လျှောက်က အမှတ်တရပုံတွေကိုလည်း မွေးနေ့အမှတ်တရအဖြစ် ပြန်လည်မျှဝေပေးထားပါသေးတယ် ။ ဒီနေ့မှာကျရောက်တဲ့ နန်းစုရဲ့ မွေးနေ့ရက်မြတ်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါစေလို့ ဆယ်လီကမ္ဘာကလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။ နန်းဆုကို ချစ်တဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးကလည်း နန်းစုအတွက် မွေးနေ့ဆုတောင်းလေးတွေ ရေးပေးခဲ့ပါဦး နော် ။

Source : Min Yatu Paing,Emily (Cele Gabar)