Live လွှင့်ပြီးဈေးရောင်းပေးလို့ ရတဲ့ အနုပညာကြေးကို Q Center က စေတနာ့ဝန်ထမ်းတွေကို လှူဒါန်းသွားမယ့် မေလသံစဉ်Live လွှင့်ပြီးဈေးရောင်းပေးလို့ ရတဲ့ အနုပညာကြေးကို Q Center က စေတနာ့ဝန်ထမ်းတွေကို လှူဒါန်းသွားမယ့် မေလသံစဉ်

Covid-19 နဲ့ပတ်သက်ပြီး အနုပညာရှင်အသီးအသီးက မိမိတို့တတ်အားသမျှပါဝင်ကူညီပြီး လှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပြီး လတ်တလောမှာတော့ ပရိသတ်အချစ်တော် အဆိုတော်မလေး မေလသံစဉ်ကလည်း တစ်ထောင့်တစ်နေရာက ပါဝင် လှုပ်ရှားလာခဲ့ပါတယ် ။ Quarantine Center တွေမှာ Q အရေအတွက်နဲ့ Volunteer အင်အားမမျှတာအခက်အခဲတွေဖြစ်နေကြတာ သတင်းတွေတက်လာတော့ မေလ တထောင့်တနေရာက ဘယ်လိုကူညီပံ့ပိုးပေးနိုင်လဲလို့ စဉ်းစားခဲ့တယ်လို့ ပရိသတ်တွေကို ပြောပြလာခဲ့တာပါ ။

ရန်ကုန်တစ်မြို့တည်းမှာ Q camp ၂၀ ကျော်ရှိပါတယ် ရိုးမစင်တာလိုနေရာမျိုး Q ၁၄၀၀ နီးပါးကို Volunteer ၃၀ကျော်နဲ့ လုပ်နေရတော့ အရမ်းလည်း လူရော စိတ်ပါ ပင်ပန်းနေကြပါပြီ ဒါကြောင့် အင်အားလေးတစ်ခုအနေနဲ့ မေလ တတ်နိုင်တာလေးပါဝင်ချင်ပါတယ် လို့သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားဖော်ပြခဲ့ပါတယ် ။ ဒီ Covid ကာလမှာ ဘာအလုပ်မှ မလုပ်တော့ဖို့ စိတ်ကူးပီးသားဆိုပေမယ့် အန္တရာယ်ကင်းကင်း Live လွှင့်ပြီး ဈေးရောင်းပေးဖို့ အလုပ်အပ်သူတွေကိုတော့ အရင်ကလိုမငြင်းတော့ပဲ Live လွှင့်ဈေးရောင်းလို့ ရသမျှ အနုပညာကြေး အားလုံးကို Q Center အသီးသီးမှ စေတနာ့ဝန်ထမ်း Volunteerများ အတွက် ကူညီပံ့ပိုးပေးသွားမယ်လို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။

တေးသံရှင် အောင်ရင်ကလည်း မေလသံစဉ်ရဲ့ အလှူလေးကို သာဓုခေါ်ဆိုထားတာ တွေ့ရပြီး သူမရဲ့ ဖန်တွေကလည်း ဒီအလှူလေးအတွက် သဘောတူကြကြောင်း တူညီစွာ မှတ်ချက်ပေးအားပေးဝန်းရံနေကြပါတယ် ။ အခုလို အနုပညာကြေးလေးတွေနဲ့ လှူဒါန်းမယ့် မေလသံစဉ်လေးရဲ့ အလှူလေးကို ပရိသတ်တွေကလည်း ဝန်းရံပေးကြပါဦးနော် ..။

Source : May Melody
Emily (Cele Gabar)