သူမအချစ်ရေးနဲ့ပတ်သက်ပြီး ခံစားချက်တွေ ဖွင့်ဟလာခဲ့တဲ့ နီနီခင်ဇော်

နီနီခင်ဇော် ကေ တာ့ Melody World သီချင်းဆိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရင်း ဂီတလောကထဲကို ဝင်ရောက်လာခဲ့သူပါ။ အခုဆို ရင်တော့ သူမဟာ ဂီတလောကရဲ့ Star တစ်ယောက် အဖြစ် အောင်မြင်စွာ ရပ်တည်နေပြီဖြစ်သလို အနုပညာအလုပ်အပြင် Super Red အလှကုန်ပစ္စည်းတွေကို ပါ ထုတ်လုပ်ရောင်းချနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။

နီနီ့ရဲ့ ပရိသတ်တွေကတော့ စီးပွားရေးတစ်ဖက် အနုပညာအလုပ်တွေတဖက်နဲ့ မအားလပ်တဲ့ သူမရဲ့ အချစ်ရေးကိုလည်း အထူးစိတ်ဝင်စား နေခဲ့ကြပါတယ် ။ လတ်တလောမှာတော့ နီနီက မင်းက စ ချစ်တယ်လို့ဖွင့်ပြောခဲ့တာပါ တကယ်တမ်းကျ ဝေးပြီးတဲ့နောက်မှသိလာတယ် ကိုယ်ဟာ အချစ်ပိုခဲ့ရသူပါ နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရရင်တောင် ကိုယ်က ပိုဆုံးရှုံးရသူပေါ့ ဆိုတဲ့စာသားလေးကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြလာခဲ့ပါတယ် ။ နီနီကတော့ သူမရဲ့အတွေးအပိုင်းအစများလို့ ရေးသားထားပေမယ့် ပရိသတ်တွေကတော့ အရမ်းကိုစိတ်ဝင်စားနေကြပါတယ် ။

နီနီ့ရဲ့ ဖန်တွေကတော့ သူမရဲ့သီချင်းတွေကို ကြိုက်သလို သူမရေးသားထားတဲ့ စာလေးကလည်း သူတို့ရဲ့ ရင်ဘတ်ချင်းအရမ်းတိုက်ဆိုင်နေပါတယ်ဆိုတဲ့ မှတ်ချက်လေးတွေရေးသားထားကြတာတွေ့ရပါတယ် ။ တချို့ပရိသတ်တွေကတော့ သူမကို အားတင်းထားဖို့အတွက် အားပေးစကားတွေရေးသားထားကြပါတယ် ။

Source : Ni Ni Khin Zaw
Emily (Cele Gabar)