မြင်တွေ့နေကျပုံစံမျိုးမဟုတ်တဲ့ အေးချမ်းတဲ့ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေရှေ့ကိုရောက်လာတဲ့ ပိုပို

ချစ်ဖူးခဲ့သမျှ သီချင်းနဲ့ ပရိသတ်တွေ ရဲ့ အားပေးမှု အခိုင်အမာရရှိလာခဲ့တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်တဲ့ ပိုပိုကတော့ အခုဆိုရင် အနုပညာလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်လာခဲ့ပြီဖြစ်ပါတယ် ။ သူမရဲ့ သီချင်းတွေကို ပရိသတ်တွေအားပေးကြသလို သူမရဲ့ အမိုက်စား ဖက်ရှင်တွေကိုလည်း ပရိသတ်တွေက အားပေးခဲ့ကြတာပါ ။ လတ်တလောမှာတော့ ပိုပိုတစ်ယောက် သူမရဲ့ ပုံစံနဲ့မတူ ကွဲထွက်နေတဲ့ ဖက်ရှင်တစ်ခုနဲ့ ပရိသတ်တွေရှေ့ကိုရောက်ရှိလာခဲ့ပါတယ် ။

အဖြူရောင် မြန်မာဝတ်စုံလေးနဲ့ မြန်မာဆန်ဆန်ထုံးဖွဲ့ ဆင်ယင်ထားတဲ့ ပိုပိုရဲ့ ပုံစံကတော့ မြင်နေကျပုံစံတွေနဲ့မတူဘဲ အရမ်းကိုတည်ငြိမ်ရင့်ကျက်တဲ့ အလှတွေနဲ့ သူမရဲ့ ပုံရိပ်တွေကို လူမှုကွန်ရက်စာမျက်နှာထက်ကနေ မျှဝေပေးလာခဲ့တာဖြစ်ပါတယ် ။ ဒါ့အပြင် ” မောင်က မြန်မာ ဆန်ဆန် လေးတွေ ဝတ်ရင် ပို သိပ်လှတာပဲ လို့ ပြောလေ့ရှိတယ် မောင့်ကို လွမ်းတဲ့ အကြောင်းတွေကို
လေပြေညှင်း လေးတွေက တဆင့် မောင့်ဆီကို ပို့လိုက်မယ်နော် မောင် မောင့်ကို ကျမ လွမ်းတယ် ” လို့လည်း ရေးသားဖော်ပြထားပါသေးတယ် ။

ပရိသတ်တွေကတော့ သူမရဲ့ ပုံရိပ်တွေကို အရမ်းကိုအေးချမ်းတည်ငြိမ်တဲ့ အလှလေးမို့ အရမ်းကိုသဘောကျနေကြပြီး ဒီလို ပုံစံလေးနဲ့ ပိုလိုက်ဖက်တဲ့အကြောင်း မှတ်ချက်တွေရေးသားပြီး အကြံပြုထားကြတာလည်းတွေ့ရပါတယ် ။ ပိုပို့ကိုချစ်တဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက် သူမရဲ့ တည်ငြိမ်အေးချမ်းတဲ့အလှတရားလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Po Po,Emily (Cele Gabar)