နာရေး ကူညီမှုအသင်းအတွက် ရေသန့်ဘူး ကဒ် (၁၀၀) လှူဒါန်းခဲ့တဲ့ အိချောပို

စူစူလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောလေး အိချောပိုကတော့ သွယ်လျကျစ်လစ်တဲ့ သူမရဲ့ အမိုက်စား ခန္ဓာကိုယ်ကောက်ကြောင်းတွေကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားပါဘူး ။

စူစူကတော့ လတ်တလောဖြစ်ပွားနေတဲ့ COVID-19 ရောဂါနဲ့ပတ်သက်ပြီး သူတတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီဆောင်ရွက်ပေးနေသလို လှူဒါန်းမှုတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိသူလဲဖြစ်ပါတယ်။ စက်တင်ဘာလ (၁၇) ရက်နေ့ ကလည်း အိချောပိုက နာရေးကူညီမှုအသင်း(ရန်ကုန်) ရှိ (၇)ရက်သားသမီးများ သောက်သုံးရန်အတွက် ရေသန့်ဗူးလတ် (၁၂)ဗူးပါကဒ်(၁၀၀)အား သွားရောက်လှူဒါန်းပေးခဲ့ပါတယ် ။ ပြီးခဲ့တဲ့ ဇွန်လ(၂၂) ရက်နေ့ကလည်း ထိုနည်းတူစွာ နာရေးကူညီမှုအသင်းမှာ ရေသန့်ဘူးတွေ လှူဒါန်းခဲ့ပါတယ် သေးတယ် ။

ပရိသတ်တွေကတော့ စူစူတစ်ယောက် ရေအကျိုးဆယ်ပါး မတောင်းဘဲ ပြည့်ပြီး ရေလိုအေး ပန်းလိုမွှေးပါစေဆိုတဲ့ ကြည်နူးဖွယ် ဆုမွန်ကောင်းလေးတွေတောင်းပေးထားကြတာလည်းတွေ့ရပါတယ် ။ စူစူကိုချစ်တဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးလည်း သာဓုခေါ်ဆိုနိုင်ဖို့ စူစူရဲ့အလှူလေးကိုမျှဝေပေးလိုက်ပါတယ်နော် ။

Source : Ei Chaw Po
Emily (Cele Gabar)