ဉာဏ်စမ်းမေးခွန်း(၁၁) ခုမေးပြီး ပထမဆုံးဖြေနိုင်မယ့်သူကို ဆုငွေချီးမြှင့်မယ်ဆိုတဲ့ ဒိန်းဒေါင်

ပရိသတ်ရဲ့အချစ်တော် ဟာသလူရွှင်တော်ဒိန်းဒေါင်ကတော့ ကိုဗစ်ကာလ အိမ်မှာနေရင်းပျင်းနေကြမယ့် ပရိသတ်ကြီးအတွက် ဦးနှောက်ကိုအလုပ်ပေးရအောင် မေးခွန်းလေးတွေ မေးခဲ့ပါတယ်။ ဒီမေးခွန်းလေးတွေကတော့ တရားသဘောပါတဲ့မေးခွန်းလေးတွေဖြစ်ပြီး အရင်ဆုံးဖြေဆိုနိုင်မယ့်သူကိုတော့ ဆုငွေတစ်သောင်းခွဲ ချီးမြင့်ပေးသွားမှာပါတဲ့ ပရိသတ်ကြီးရေ..

မေးခွန်းလေးတွေကတော့ (၁) မဆုံးနိုင်သောခရီး၊(၂) မပြီးနိုင်သောအလုပ်၊(၃) မလှုပ်နိုင်သော အနှောင်၊(၄) မရှောင်နိုင်သောဘေး၊(၅) မအေးနိုင်သော အပူ၊(၆) မယူနိုင်သောအရာ၊(၇) မရေရာသောလမ်း၊(၈) မမှန်းနိုင်သော အပူ၊(၉) မပြည့်ဝနိုင်သောဆန္ဒ၊(၁၀) မပြည့်နိုင်သော အာသာ၊(၁၁) မညှာတာသောသူ ဆိုတဲ့ မေးခွန်း(၁၁) ခုပဲဖြစ်ပါတယ်။ ဒီမေးခွန်းလေးတွေထဲက တော်တော်များများကိုတော့ ပရိသတ်ကြီးလည်း သိကြမယ်လို့ ထင်ပါတယ်နော်။

ဒိန်းဒေါင်ရဲ့ မေးခွန်း(၁၁)ခုကိုတော့ ဖြေဆိုသူ ပရိသတ်များစွာရှိပြီး ဒိန်းဒေါင်ကတော့ အဖြေမှန်ကို အခုအချိန်ထိ ပြောကြားခြင်းမရှိသေးပါဘူး ပရိသတ်ကြီးရေ… တရားသဘောနဲ့ယှဉ်တွေးပြီး ဖြေရမယ့်မေးခွန်းလေးတွေဖြစ်တဲ့အပြင် အပြင်မှာလည်း တကယ်လက်တွေ့ကျတဲ့မေးခွန်းလေးတွေမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း တတ်နိုင်သမျှကြိုးစားဖြေကြည့်ပါဦးနော်။


Source – Dain Daung
Rainbow- Cele Gabar