ဖေ့ဘွတ်ခ်မှာ သူငယ်ချင်းဖြစ်နေသူတွေထံက ငွေ(၁၀၀၀)စီအလှူခံလိုက်တဲ့ အိစိကွေး

ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်အချစ်ကို သိမ်းပိုက်ခဲ့သူ မင်းသားချောအိစိကွေးကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် “ဒီနေ့တစ်ရက် နောက်ဆုံး အလှူခံပါမယ်”ဆိုတဲ့ ခေါင်းစဉ်လေးနဲ့အတူ ပရိသတ်ကြီးကို အလှူငွေထည့်ပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။

အိစိကွေးရဲ့ ဖေ့ဘွတ်ခ်အကောင့်မှာတော့ လူပေါင်း(၅၀၀၀) ရှိတာကြောင့် လူတစ်ဦးစီကနေ အများကြီးအလှူမခံခဲ့ပဲ .. တစ်ယောက်ကို (၁၀၀၀)ကျပ်စီသာ လှူဒါန်းပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။ ရရှိလာတဲ့အလှူငွေတွေကိုတော့ ကိုဗစ်လူနာတွေအတွက် အရေးကြီးဆုံးတစ်ခုကိ ုလုပ်ပေးသွားမှာဖြစ်ပြီး ရလာတဲ့ငွေအပြင် လိုတာကို သူပါစိုက်ပြီး လုပ်ဆောင်သွားမယ့်အကြောင်း ရေးသားမျှဝေလာပါတယ်။

အိစိကွေးကတော့ လွန်ခဲ့တဲ့ရက်ပိုင်းကမှ ရန်ကုန်ဆေးရုံကြီးမှာ ထမင်းဘူး(၁၀၀) သွားရောက်လှူဒါန်းပေးရင်း ကုသိုလ်ယူခဲ့ပါသေးတယ်။ အခုလို ကိုဗစ်ကာကွယ်ရေးလုပ်ငန်းစဉ်တွေမှာ ပရိသတ်အချစ်တော်အနုပညာရှင်ဦးဆောင်ပြီး လှူဒါန်းပေးတာက ပိုမိုခရီးရောက်တာမို့ အိစိကွေးရည်ရွယ်ထားတဲ့အလှူလေး အကောင်အထည်ဖော်နိုင်ဖို့ ဝိုင်းဝန်းကူညီပေးလိုက်ကြပါဦးနော်။


Source – Eisi Kway
Rainbow- Cele Gabar