အသက်ရှူရခက်တဲ့လူနာတွေအတွက် အောက်စီဂျင်စက်တွေ လှူဒါန်းခဲ့တဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံ

ဆယ်လီကမ္ဘာ ပရိသတ်ကြီးရေ Covid-19 ရောဂါပိုးတွေ့ရှိသူတွေ များပြားသလို သေဆုံးသူတွေလည်း ရှိလာတဲ့အတွက် ဒီကပ်ရောဂါကြီးကို အားလုံး တုန်လှုတ်နေကြရပြီဖြစ်ပါတယ် ။ လူနာတွေထားရှိဖို့အတွက် Tent တွေလိုအပ်နေသလို အနုပညာရှင်တွေ အားလုံးကလည်း မိမိတို့တတ်အားသမျှ ဘက်ကနေ ဝိုင်းဝန်းကူညီလှူဒါန်းမှုတွေပြုလုပ်လျက်ရှိပါတယ် ။

လတ်တလောမှာတော့ အလှူအတန်းဆို အမြဲလက်မနှေးတတ်တဲ့ ရုပ်ရှင်သရုပ်ဆောင် စမိုင်းလ်တို့ ဇနီးမောင်နှံ က အသက်ရှူရခက်ပြီးအောက်စီဂျင်လိုနေတဲ့ သူတွေအတွက် အောက်စီဂျင်စက် ၁၀ လုံး လှူဒါန်းကုသိုလ်ပြုခဲ့တယ်လို့သိရပါတယ် ။အောက်ဆီဂျင်စက်လိုအပ်နိုင်တဲ့ ကိုဗစ်ဆေးရုံများကို လှူဒါန်ပေးနိုင်ရန် အောက်ဆီဂျင် စက် (၁၀) လုံးကို WeloveYangon ကနေတဆင့် လှူဒါန်းပေးခဲ့တာဖြစ်ပြီး အောက်စီဂျင်စက် တွေရဲ့ တန်ဖိုးကတော့ (၅၉) သိန်းကျပ် ဖြစ်ပါတယ် ။

ပရိသတ်တွေကတော့ အမှန်တကယ်လိုအပ်နေတဲ့ ယခုအလှူလေးအတွက် သာဓုမောဓနာတွေ ခေါ်ဆိုခဲ့ကြပြီး ဒီထက်မကလှူဒါန်းနိုင်ဖို့ ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါတယ် ။ စမိုင်းလ်ကလည်း ကပ်ရောဂါဆိုးကြီးမှအမြန်ဆုံးသက်သာပျောက်ကင်းကြပါစေ ဆိုတဲ့ဆုမွန်ကောင်းလေးကို ပရိသတ်တွေအတွက် ပြန်လည် ဆုတောင်းပေးထားပါသေးတယ် ။

Source : Smile
Emily (Cele Gabar)