Covid-19 ကြောင့်ကွယ်လွန်သွားတဲ့ ညီမဖြစ်သူရဲ့ခင်ပွန်းအတွက် သက်ပျောက်ဆွမ်းကပ်ပေးခဲ့တဲ့ နန္ဒလှိုင်

ပရိသတ်ကြီးရေ .. Covid-19 ကြောင့် သေဆုံးသွားတဲ့လူနာတွေ တိုးလာသလို ပရိသတ်အချစ်တော် သရုပ်ဆောင် နန္ဒလှိုင်ရဲ့ ညီမဖြစ်သူနဲ့ သူမရဲ့ခင်ပွန်းတို့နှစ်ယောက်ဟာ Positive လက္ခဏာကြောင့် Q ဝင်နေရာကနေ စက်တင်ဘာလ (၁၉) ရက်နေ့မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ် ။ ဒီသတင်းဆိုးကြီးကြောင့် နန္ဒလှိုင်နဲ့ အတူ ပရိသတ်အားလုံးလည်း စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ် ။

ဒီနေ့ စက်တင်ဘာလ (၂၀) ရက်နေ့မနက်အစောပိုင်းမှာတော့ ကွယ်လွန်သူဦးငွေဇော် အတွက် မိသားစုမှ သက်ပျောက်ဆွမ်းကပ်လှူပေးခဲ့ကြကြောင်း နန္ဒာလှိုင်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ပရိသတ်တွေကလည်း ကွယ်လွန်သူ ဦးဇော်တစ်ယောက် အခုပြုသမျှကုသိုလ်တွေအားလုံး ရရှိပြီး ကောင်းရာ ဘုံဘဝကိုရောက်ရှိဖို့အတွက် ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ကြပါတယ် ။

အခုလို မိသားစုဝင်တစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အတွက် သရုပ်ဆောင်နန္ဒာလှိုင်နဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ် ။ ကွယ်လွန်သူ ဦးဇော်လည်း ကောင်းရာဘုံဘဝကို ရောက်ရှိပါစေလို့ ဆယ်လီကမ္ဘာမှ ပရိသတ်တွေနဲ့ထပ်တူ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Nandar Haling
Emily (Cele Gabar)