Stay Home ကာလမှ မိသားစုကို အချိန်ပေးရင်းပျော်ရွှင်နေတဲ့ အာဇာနည်

ပရိသတ်ကြီးရေ အသံပါဝါအားကောင်းကောင်းနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော် အာဇာနည်ကတော့ သာယာတဲ့မိသားစုဘဝလေး တစ်ခုကို ပိုင်ဆိုင်ခွင့်ရရှိထားတဲ့အနုပညာရှင်တစ်ယောက်ပါ ။ ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန် ဆိုတဲ့ သားလေး နှစ်ယောက်နဲ့ မစ်မစ်တုန် ဆိုတဲ့ သမီးလေးတစ်ယောက် ရှိပြီး လူတိုင်းအားကျရတဲ့ မိသားစုဘဝလေးကို ရရှိထားတာပါ ။

မကြာသေးမီကမှ သမီးအငယ်ဆုံးလေး မစ်မစ်ရဲ့ မွေးနေ့ပွဲလေးကို ပျော်ရွှင်စွာကျင်းပခဲ့ပြီး မိသားစု စုံစုံလင်လင်နဲ့ ပျော်ရွှင်နေတဲ့ ပုံရိပ်တွေကို ပရိသတ်တွေကိုမျှဝေပေးခဲ့ပါသေးတယ် ။ လတ်တလောမှာတော့ အာဇာနည်တစ်ယောက် Stay Home ရင်း ချစ်ရတဲ့ မိသားစုကို အချိန်ပေးရင်းပျော်ရွှင်နေတဲ့ မိသားစု ပုံရိပ်လေးတွေကို ထပ်မံမျှဝေပေးလာခဲ့ပါတယ် ။ ဒီနေ့လေးမှာ ချစ်လေးကိုကိုယ်တိုင်ဂတုံးတုံးပြီး မစ်လေးက လေးလမှာပထမဆုံးရေစိမ် ဖစ်ကြီးကတော့ကြက်ဥပေါင်း ပေါင်းပါတယ် ခင်ဗျာ ဆိုတဲ့စာသားလေးနဲ့အတူ သားသမီး (၃) ယောက်နဲ့အတူ ပျော်ရွှင်စွာအချိန်ကုန်ဆုံးနေကြောင်း ပရိသတ်တွေကို မျှဝေပေးခဲ့တာပါ ။

အာဇာနည်ကို ချစ်တဲ့ ချစ်ပရိသတ်ကြီးကလည်း ဖစ်ဖစ်တုန် ၊ မစ်မစ်တုန် ၊ ချစ်ချစ်တုန်ဆိုတဲ့ ဂျူနီယာ အာဇာနည်ပေါက်စလေးတွေကိုလည်း ချစ်ပေးကြပြီး သာယာတဲ့ မိသားစုဘဝလေးကို အားကျကြောင်းမှတ်ချက်တွေရေးသားခဲ့ကြပါတယ် ။ အာဇာနည် တို့မိသားစုလေးကို ချစ်ကြတဲ့ ပရိသတ်ကြီးအတွက်လည်း မိသားစု ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Zarni MyoNyunt
Emily Cele Gabar