ဇာတ်ညွှန်းတွေဖတ်တိုင်း လုပ်လေ့ရှိတဲ့ သူမရဲ့ထူးခြားတဲ့အမူအကျင့်လေးတွေကို ပြောပြလာတဲ့ နန်းစန္ဒာလှထွန်း

ပရိသတ်အချစ်တော် MRTV-4 မင်းသမီးလေး နန်းစန္ဒာလှထွန်းကတော့ ဇာတ်ညွှန်းဖတ်တိုင်းလုပ်လေ့ရှိတဲ့အမူအကျင့်လေးတွေကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ ဇာတ်ညွန်းတွေဖတ်နေရင်း သူမ လုပ်တတ်တဲ့ အကျင့်လေးတစ်ခု ကတော့ ဇာတ်ညွှန်းကိုအသေးစိတ်ခွဲထုတ်တာ ဖြစ်ပြီး line pen တွေ နဲ့ တားလိုက်၊ ဘောပင်တွေနဲ့ ဖြတ်လိုက် မှတ်လိုက်နဲ့ … အဲ့လိုလုပ်နေရင်းမှ မေးခွန်းတွေလည်း ပေါ်ပေါ်လာတတ်တယ်.. အဲ့လိုပေါ်လာတဲ့မေးခွန်းကိုလည်း ဆရာတွေကိုမေးရတာသဘောကျတယ် လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။

တစ်ချို့ သူမကိုယ်တိုင် analyze မလုပ်နိုင်တဲ့ အရာကို ဆရာတွေ ပြောပြ မှသိတာမျိုးဖြစ်တဲ့အတွက် မေးခွန်းတွေလည်းများတတ်တယ်လို့ ဆိုပါတယ် ။ သရုပ်ဆောင်ဆိုတာ ကိုယ် ကိုယ်တိုင်က နားလည်မှလည်း ကြည့်နေတဲ့ ပရိတ်သတ်ကို နားလည်အောင် လုပ်လို့ရမှာ ဖြစ်လို့ ကင်မရာရှေ့မှာ ဇာတ်ကောင်ကို သေချာနားလည်ပြီး ကိုယ်စားပြု သရုပ်ဆောင်နိုင်မှ Action ကောင်းကောင်းထွက်နေမှာပဲဖြစ်ပါတယ် ။ ဒါကြောင့် သရုပ်ဆောင် တစ်ယောက်အနေနဲ့ သင်ယူလေ့လာစရာတွေလည်းအများကြီးရှိနေပါသေးသလို တဆုံးထိလိုက်ကြည့်မယ်ဆိုရင် လေ့လာလို့ဆုံးမှာမဟုတ်ဘူး.လို့ သူမရဲ့ အနုပညာခံယူချက်လေးကိုလည်း ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

ခုချိန်မှာလည်း သူမ တတ်နိုင်တဲ့ဘက်ကနေ လေ့လာတယ် ၊ ရုပ်ရှင်တွေကြည့်တယ် ဇာတ်ညွန်းဖတ်ပြီး မှန်ကြည့်ပြီး တစ်ယောက်ထဲ လုပ်ကြည့်တယ် .. ဆရာတွေ သင်ပေးထားတဲ့ မှတ်စုတွေ ကိုးကားချက်တွေပြန်ဖတ်တယ်လို့ ဆိုပါတယ် ။ ခုလို သင်ကြားပေးခဲ့တဲ့ ဆရာတွေ ကိုလည်းကျေးဇူးအများကြီးတင်တယ် အဲ့ဒီ အကျင့်လေးတွေကို မပျက်အောင် ထိန်းသိမ်းသွားပါမယ်လို့ ရေးရင်း သင်ဆရာ မြင်ဆရာ ကြားဆရာတွေ အားလုံးကို ကျေးဇူးတင် ဂါဝရပြုပါတယ်ရှင့် ဆိုတဲ့စာသားလေးနဲ့အတူ ဆရာတွေကိုလည်း သူမဖေ့ဘုတ်စ် စာမျက်နှာကနေတဆင့် ကျေးဇူးတင်စကား ဆိုခဲ့တာဖြစ်ပါတယ် ။

Source : Nan Sandar Hla Tun
Emily (Cele Gabar)