အိမ်က ကားတွေအားလုံးကို အမေစုပုံ စတစ်ကာတွေကပ်ပြီး ဝန်းရံခဲ့တဲ့ ဇေရဲထက်

မဲဆွယ်စည်းရုံးရေး စတင်ခဲ့တဲ့ စက်တင်ဘာလ (၈) ရက်နေ့ကစပြီး အနုပညာရှင်များစွာဟာ NLD ကို ထောက်ခံကြောင်းလူမှုကွန်ရက်စာမျက်နှာ ကနေ တဆင့် ဖော်ပြခဲ့ကြပါတယ် ။ အနုပညာရှင်တော်တော်များများက လူမှုကွန်ရက်စာမျက်နှာထက်မှာNLD ဖေ့ဘုတ်စ် ပရိုဖိုင်း များပြောင်းလဲခဲ့ကြပြီး ဝန်းရံအားပေးခဲ့ကြပါတယ် ။

ပရိသတ်အချစ်တော် အနုပညာရှင်တော်တော်များများဟာ အမေစုကို ဝန်းရံအားပေးကြသူများဖြစ်ပြီး NLD ပါတီကို အားပေးထောက်ခံခဲ့ကြတာဖြစ်ပါတယ် ။ NLD ကို အားပေးဝန်းရံတဲ့ အနုပညာရှင်တွေထဲကမှ ပရိသတ်အချစ်တော် မင်းသားချောလေး ဇေရဲထက်ကလည်း အမေစု ရဲ့ NLD ပါတီကိုအားပေးထောက်ခံ ကြောင်း သူ့ရဲ့အိမ်မှာရှိတဲ့ ကားတွေ အကုန်လုံးကို အမေစု ပုံ စတစ်ကာ ကပ်ပြီး ပြသခဲ့ပါတယ် ။

ဇေရဲထက်ရဲ့ ပရိသတ်တွေကလည်း သူတို့ရဲ့ Idol နဲ့အတူအမေစုကို ထောက်ခံအားပေးကြကြောင်း မှတ်ချက်တွေရေးသားခဲ့ကြပါတယ် ။ လတ်တလောမှာတော့ ဇေရဲထက်က နေပြည်တော်က နေအိမ်ကိုရောက်ရှိနေတာဖြစ်ပြီး အမေစုပုံ စတစ်ကာတွေကပ်ထားတဲ့ အိမ်စီးကားတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ဖော်ပြခဲ့တာဖြစ်ပါတယ် ။

Source :Zay Ye Htet
Emily (Cele Gabar)