သားအမိတွေသီဆိုထားတဲ့ သီချင်းလေးနဲ့ မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ချမ်းမြေ့မောင်ချိုရဲ့ မေမေ

ပရိသတ်ကြီးရေ…ဒီနေ့ စက်တင်ဘာလ(၂၀) ရက်နေ့လေးကတော့ ချမ်းမြေ့မောင်ချိုရဲ့ အသက်(၂၁) နှစ်ပြည့်မွေးနေ့လေးပါ။ မောင်ချိုကတော့ မြန်မာအိုင်ဒေါ Season-3 သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုအခိုင်အမာရရှိပြီး ဂီတလမ်းပေါ်လျှောက်လှမ်းလာသူတစ်ယောက်ပါ။

မောင်ချိုကတော့ ပွင့်လင်းတက်ကြွပြီး ချစ်ဖို့ကောင်းတဲ့ကလေးဆန်ဆန်အပြုအမူတွေကြောင့် Fans တွေရဲ့ချစ်ခြင်းမေတ္တာအပြည့်အဝရရှိထားသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ဒီနေ့ သူ့ရဲ့မွေးနေ့ ည(၁၂) နာရီအချိန်မှာတော့ မောင်ချိုရဲ့မိခင်ဖြစ်သူက သားအမိသုံးယောက်စလုံးသီဆိုထားတဲ့သီချင်းလေးနဲ့ သမီးလေးကို မွေးနေ့ဆုတောင်းပေးခဲ့သလို မွေးနေ့ကိတ်လေးနဲ့လည်း Surprise လုပ်ပေးခဲ့ပါသေးတယ်။

သမီးလေးကို အရမ်းချစ်လွန်းတဲ့မေမေကတော့ ” ဒီအချိန်မှာ ကိုဗစ်ကြီးကို ရှောင်ဖယ်လို့မရသလို ကျွန်မသမီးရဲ့မွေးနေ့ကလဲ ရှောင်ဖယ်လို့မရပါဘူး… မွေးနေ့အမှတ်တရအနေနဲ့ သားအမိတွေသီဆိုထားတဲ့ ဒီသီချင်းလေးကို ဒီအချိန်မှာ စိတ်ပြေလက်ပျောက်လေးနားဆင်နိုင်ကြပါစေနော်” ဆိုတဲ့စာသားလေးနဲ့အတူ “သမီးချော့တေး” ဆိုတဲ့သီချင်းလေးကို မျှဝေပေးခဲ့ပါတယ် ပရိသတ်ကြီးရေ.. ဒီနေ့ကျရောက်တဲ့မွေးနေ့လေးကစပြီး ဒီထက်မကအောင်မြင်ပျော်ရွှင်မှုတွေနဲ့ လိုရာခရီးပန်းတိုင်ကို လျှောက်လှမ်းနိုင်ပါစေလို့ ဆယ်လီကမ္ဘာမှဆုတောင်းပေးလိုက်ပါတယ် မောင်ချိုရေ..

Source – Chanmyae Mgcho
Rainbow- Cele Gabar