မြူးမြူးကြွကြွသီချင်းလေးနဲ့ The Voice Myanmar စင်မြင့်ထက်မှာ အောင်မြင်မှုရခဲ့တဲ့ ဘဝ

အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတင်ဆက်ပေးနေတဲ့ The Voice Myanmar Season-3 သီချင်းဆိုပြိုင်ပွဲကြီးကတော့ ဒီနေ့ညမှာ ထုတ်လွင့်ပြသလာခဲ့တာ Blind Audition (၅) ပတ်မြောက်အထိ ရောက်ရှိလာခဲ့ပါပြီ။ ဒီနေ့ညအတွက် ပထမဦးဆုံးဒိုင်လေးယောက်စလုံးရဲ့လှည့်ကြည့်ခြင်း ရရှိခဲ့သူကတော့ ဘဝ ပါ။

သူကတော့ No Woman No Cry ဆိုတဲ့သီချင်းလေးနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး သီချင်းအစမှာကတည်းက ဒိုင်သုံးယောက်လှည့်ကြည့်ခြင်းရရှိခဲ့သူပါ။ ဒါ့အပြင် ဘဝ ကတော့ The Voice Myanmar Season-1 ရဲ့ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ခဲ့ဖူးတာကြောင့် လှည့်ကြည့်တဲ့ဒိုင်အားလုံးလည်း အံ့အားသင့်ခဲ့ရပါတယ်။ Season-1 တုန်းက ကျားပေါက်ရဲ့ အဖွဲ့ဝင်ဖြစ်ခဲ့သလို အခုတစ်ခေါက်မှာလည်း ကျားပေါက်ရဲ့အဖွဲ့ထဲကိုပဲ ဝင်ဖို့ ရွေးချယ်ခဲ့ပါတယ်။

ဘဝ ကတော့ Season-1 ပြိုင်ပွဲမှာကတည်းက အားပေးသူဝန်းရံ အများအပြားရရှိခဲ့သူဖြစ်တာကြောင့် အခုဆိုရင် သူ့ရဲ့သီချင်းတွေကို အားပေးသူပရိသတ်အခိုင်အမာရှိနေပြီ ဖြစ်ပြီး Rဇာနည်ကိုယ်တိုင်လည်း သူ့ရဲ့ Fan ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီနေ့ပြိုင်ပွဲလေးမှာလည်း အတွေ့အကြုံရှိသူပီပီ ဒိုင်တွေနဲ့ ပရိသတ်တွေကို ခဏတာပျော်ရွှင်မှုပေးနိုင်ခဲ့ရုံမက (၅)ပတ်မြောက် Blind Audition မှာ ဒိုင်အားလုံးရဲ့လှည့်ကြည့်ခြင်းကို ပထမဆုံးရရှိခဲ့သူလည်း ဖြစ်ပါတယ်။ No Woman No Cry သီချင်းလေးကို ပေါ့ပေါ့ပါးပါးနဲ့ ပညာသားပါပါသီဆိုနိုင်ခဲ့တဲ့ ဘဝ ရဲ့ယှဉ်ပြိုင်မှုကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source – The Voice Myanmar
Rainbow- Cele Gabar