ကိုဗစ်လူနာတွေအတွက် ဒုတိယအကြိမ်မြောက်သွေးရည်ကြည်လှူဒါန်းပေးခဲ့တဲ့ နီတာ

အဆိုတော်နီတာကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားခဲ့တဲ့အချိန် ပထမလှိုင်းမှာ ရောဂါပိုးကူးစက်ခံခဲ့ရသူတစ်ယောက်ပါ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ချမှတ်ထားတဲ့စည်းကမ်းတွေကို လိုက်နာပြီး ကိုယ်တိုင်ကွာရန်တင်းစင်တာကို သွားရောက်ကုသမှုခံယူကာ ပြန်လည်သက်သာလာခဲ့သူတစ်ယောက်ပါ။

ကိုဗစ်ဆေးစစ်ချက် နှစ်ခါ Negative ဖြစ်ပြီးချိန်မှာတော့ သူ့လိုမျိုးကူးစက်ခံရသူတွေ ကုသနိုင်ဖို့ သွေးရည်ကြည်လှူဒါန်းပေးခဲ့ပါတယ်။ ပြန်လည်သက်သာလာပြီးနောက်ပိုင်းမှာလည်း ပရိသတ်တွေနဲ့မိတ်ဆွေအပေါင်းအသင်းတွေအတွက် သူကိုယ်တိုင်ကြုံတွေ့ကုသခဲ့တဲ့အကြောင်းအရာတွေကို မျှဝေပေးလျက်ရှိပြီး မနေ့ကတော့ ထပ်မံပြီးတော့ သွေးရည်ကြည်လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။

” COVID ဝေဒနာရှင်များအတွက် ဒုတိယအကြိမ် သွေးရည်ကြည်လှူဒါန်းပြီးပါပြီခင်ဗျ” ဆိုတဲ့စာသားလေးနဲ့အတူ သွေးလှူဒါန်းပေးခဲ့တဲ့ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပြီး ညဘက်မှာလည်း ဖေ့ဘွတ်ခ် Live လွှင့်ကာ ကိုဗစ်အတွေ့အကြုံလေးတွေ မျှဝေပေးရင်း ပရိသတ်တွေသိချင်တာလေးတွေကိုလည်း ဖြေကြားပေးခဲ့ပါတယ်.. ဒါ့အပြင် နောက်နှစ် ဇန်နဝါရီလမှာလည်း ထပ်မံလှူဒါန်းပေးသွားဦးမယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ..


Source – Ni Tar Vocalist
Rainbow- Cele Gabar