မွေးနေ့မှာ ချစ်ခင်ရသူတွေဆီက ချစ်ခြင်းမေတ္တာအပြည့်နဲ့လက်ဆောင်တွေရခဲ့တဲ့ ထက်အဉ္ဇလီ

မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ထက်အဉ္ဇလီကတော့ အချိန်ခဏလောက်ပရိသတ်ရှေ့က ပျောက်ခဲ့ပြီး အခုဆိုရင်တော့ အနုပညာလှုပ်ရှားမှုတွေနဲ့ ပရိသတ်ရှေ့ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ(၁၉) ရက်နေ့ကတော့ ထက်အဉ္ဇလီရဲ့အသက်(၂၀) နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး သူ့ရဲ့မွေးနေ့အထိမ်းအမှတ်အနေနဲ့ “ကံကိုသာယိုးမယ်ဖွဲ့” ဆိုတဲ့သီချင်းအသစ်လေးကို ပရိသတ်ကြီးအတွက် ချပြခဲ့ပါသေးတယ်။

ဒီနေ့မှာတော့ မွေးနေ့တုန်းက ချစ်ခင်ရသူတွေပေးခဲ့တဲ့လက်ဆောင်လေးတွေကို မျှဝေပေးလာပါတယ်။ “ဘယ်လိုခက်ခဲတဲ့ အချိန်လေးမှာပဲဖြစ်ဖြစ် အမြဲပျော်ရွှင်အောင် ဖန်တီးပေးတဲ့ ထက်ရဲ့ မေမေနဲ့ အချစ်တော် ညာလက်ရုံး ဘယ်လက်ရုံးတို့ကို အရမ်းကျေးဇူးတင်ပါတယ်.. BD Wish လုပ်ပေးကြတဲ့ ထက်ချစ်ရတဲ့ Inzalians လေးတွေ ထက်ရဲ့ မိတ်ဆွေများအားလုံး တစ်ဦးတစ်ယောက်ချင်းစီတိုင်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်” ဆိုတဲ့စာသားလေးနဲ့အတူ မွေးနေ့တုန်းကပုံရိပ်လေးတွေကို မျှဝေခဲ့ပါတယ်။

ထက်ကတော့ မျက်နှာမှာ Steroid ထိခဲ့တဲ့ဒဏ်ကြောင့် ဝက်ခြံတွေကို အချိန်တစ်ခုကြာအောင် ကုသခဲ့ရပြီး ပရိသတ်ရှေ့ကပျောက်ခဲ့ပေမယ့် အခုဆိုရင်တော့ အလှဓာတ်ပုံလေးတွေ ဆက်တိုက်ရိုက်ကူးကာ မျှဝေပေးနေသလို နောက်ထပ်အနုပညာအလုပ်တွေအများကြီး ချပြသွားဦးမယ်လို့လည်း သိရပါတယ်။ ရှေ့ဆက်လျှောက်မယ့်အနုပညာခရီးလမ်းမှာ ကိုယ်လုပ်ချင်တာလေးတွေနဲ့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ထက်ရေ..


Source- Htet Inzali Wint
Rainbow- Cele Gabar