ကပ်ဆိုးကြီးကိုကျော်လွှားဖို့ Stay Home ကာလမှာ Challenge တစ်ခုလုပ်ဖို့ပြောလာတဲ့ ပိုပို

ပရိသတ်အချစ်တော်ပိုပိုကတော့ ဘာသာတရားရိုသေကိုင်းရှိုင်းသူတစ်ယောက်ဖြစ်သလို ကိုဗစ်ကာလမှာတောင် သံဃာတော်တွေအတွက် တတ်နိုင်သမျှ ဆွမ်းဆက်ကပ်လှူဒါန်းနေသူတစ်ယောက်ပါ။ ဒုတိယလှိုင်းပြန်လည်စတင်ချိန်မှာတော့ ဒီနေ့ကစပြီး Stay Home နေကြဖို့ အစိုးရက တရားဝင်အမိန့်ထုတ်ပြန်ခဲ့ပြီး ပိုပိုကတော့ အခုလို Stay Home ကာလမှာ ကပ်ဆိုးကြီးကို ဗုဒ္ဓတရားတော်တွေနဲ့ တွန်းလှန်ဖို့ မိတ်ဆွေတွေကို Challenge လုပ်ခဲ့ပါတယ်။

ပိုပိုရဲ့ သူရဲ့challenge လေးကိုလုပ်ဖို့ အဆင့်(၇) ဆင့်နဲ့ ဖော်ပြခဲ့ပါတယ်။ “(၁)ဘုရား သောက်တော်ရေ ကပ် (၂)ငါးပါးသီလ ဆောက်တည် (၃)ရတနသုတ် ရွတ်ဖတ်ပါ (၄) ပဋ္ဌာန်းရွတ်ပါ… (၅) မေတ္တာပို့ပါ ကိုယ်ဘေးက လူကနေ၃၁ ဘုံလုံးကိုမေတ္တာပို့ပါ (၆) ဂုဏ်တော်ပွားပါ (၇) တရား (၁၅) မိနစ် ထိုင်ပါ…အားလုံးပြီးရင် အမျှဝေ ဆုတောင်းပေးပါ တစ်ကမ္ဘာလုံးမှာ ဖြစ်ပေါ်နေတဲ့ covid ရောဂါ အမြန်သက်သာပျောက်ကင်းပါစေ ဆိုပြီး ဆုတောင်းပေးပါ ” ဆိုတဲ့(၇) ဆင့်ဖြစ်ပြီး ဒီအဆင့်(၇) ဆင့်လုံးမလုပ်နိုင်ရင်တောင် အနည်းဆုံး(၅) ဆင့်တော့လုပ်ပေးဖို့ ရေးသားခဲ့ပါတယ်။

ဒီချဲလင့်လေးကိုတော့ (၉)ရက်ပြုလုပ်ရမှာဖြစ်ပြီး ကိုယ်ချစ်ခင်တဲ့သူ(၉) ယောက်ကိုလည်း လုပ်ခိုင်းရမှာဖြစ်ပါတယ်။ ပိုလုပ်နိုင်သူတွေအနေနဲ့ကတော့ တတ်နိုင်ရင်(၁၄) ရက်ဝင်ကြရမှာဖြစ်ပြီး အခုလိုမေတ္တာနဲ့ ကမ္ဘာမြေကြီး မြန်မြန်နေကောင်းအောင် ဝိုင်းဝန်းကူညီပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဘုရားရဲ့တရားတော်တွေကို လုပ်တဲ့သူများလာရင် ရောဂါဆိုးကြီးလည်း အမြန်ပျောက်ကင်းသွားမှာဖြစ်တဲ့အကြောင်း သူ့ရဲ့ယုံကြည်ချက်ကို မျှဝေပေးခဲ့ပါတယ်။


Source – ဝတ်ရည်မိုး
Rainbow- Cele Gabar