မွေးနေ့လေးကို ကုသိုလ်ကောင်းမှုတွေလုပ်ရင်းဖြတ်သန်းခဲ့တဲ့ မင်းသမီးချော ခင်ဝင့်ဝါ

ပရိသတ်ကြီးရေ ဒီနေ့စက်တင်ဘာလ(၂၁) ရက်နေ့လေးကတော့ ရုပ်ရှင်သရုပ်ဆောင်ခင်ဝင့်ဝါရဲ့အသက်(၂၆) နှစ်ပြည့်မွေးနေ့ရက်မြတ်လေးပါ။ ခင်ဝင့်ဝါကတော့ (၂၀၁၃) ခုနှစ်မှာ ကျင်းပခဲ့တဲ့ Miss Supranational ပြိုင်ပွဲကြီးကနေတဆင့် ပရိသတ်အသိမှတ်ပြုအားပေးခြင်း ရရှိခဲ့သူတစ်ယောက်ပါ။

အဲ့ဒီကနေတဆင့် (၂၀၁၄) ခုနှစ်မှာတော့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလှုပ်ရှားမှုတွေစတင်ခဲ့ပါတယ်။ ဘာဘီရုပ်လေးကို ချစ်ဖို့ကောင်းတဲ့မျက်နှာနဲ့သွယ်လျလှပတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူခင်ဝင့်ဝါကိုတော့ ပရိသတ်တွေအကုန်လုံးက ခေးလေးဆိုပြီး တစ်ခဲနက်ဝန်းရံအားပေးလာခဲ့ကြတာ ယနေ့အချိန်ထိပဲလို့ ဆိုရမှာပါ ပရိသတ်ကြီးရေ…

ဒီနေ့သူ့ရဲ့မွေးနေ့မှာတော့ မွေးနေ့အလှူလေးအဖြစ် တိုင်းရင်းသားမိဘမဲ့ပရဟိတကျောင်းဆရာတော်ထံမှာ ကျောင်းတွင်းလျှပ်စစ်မီးရရှိရေးအတွက် အလှူတော်ငွေ တစ်သိန်းတစ်သောင်းကျပ်၊ ကျောင်းမှာရှိတဲ့ သံဃာတော်၊ရှင်သာမဏေများနဲ့ မိဘမဲ့ကလေးငယ်လေးများအတွက် တစ်နေ့တာဆွမ်းအာဟာရအလှူ တစ်သိန်းငါးသောင်းကျပ်၊ စုစုပေါင်း နှစ်သိန်းခြောက်သောင်းကျပ်ကို မွေးနေ့အလှူအနေနဲ့ လှူဒါန်းပေးခဲ့ပါတယ်။ ယနေ့ကျရောက်တဲ့မွေးနေ့လေးကစပြီး အောင်မြင်ကျော်ကြားတဲ့မင်းသမီးတစ်လက်အဖြစ် ပျော်ရွှင်စရာကောင်းတဲ့ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆယ်လီကမ္ဘာမှ ဆုတောင်းပေးလိုက်ပါတယ် ခေးလေးရေ။


Source – Khin Wint Wah
Rainbow- Cele Gabar