ရိုးမရိပ်သာအဆောင်ကလူတွေအတွက် နေ့လည်စာထမင်းဘူးလှူဒါန်းပေးခဲ့တဲ့ လွင်မိုးတို့မိသားစု

လိုအပ်တဲ့နေရာတွေကို လက်မနှေးကူညီလေ့ရှိကြတဲ့ မြန်မာလူမျိုးတွေရဲ့မွန်မြတ်တဲ့စေတနာကိုတော့ အခုလိုကိုဗစ်ကာလမှာ အများဆုံးတွေ့မြင်ရမှာပါ။ ပထမလှိုင်းမှာကတည်းက တတ်နိုင်သူတွေက လိုအပ်နေသူတွေကို စားသောက်ကုန်ထောက်ပံ့မှုတွေ ဆက်တိုက်ပြုလုပ်နေတာကို တွေ့မြင်ရမှာဖြစ်ပြီး ကိုဗစ်ကပ်ရောဂါကို ရှေ့တန်းက ကာကွယ်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ပရဟိတသမားတွေအပြင် လူနာတွေအတွက်ပါ ဖောဖောသီသီစားသောက်နိုင်အောင် အစားအသောက်လှူဒါန်းနေမှုတွေလည်း အများအပြားပါ။

ဒီနေ့မှာလည်း ပရိသတ်အချစ်တော်လွင်မိုးတို့မိသားစုကတော့ ရိုးမရိပ်သာကုသရေးဌာနအတွက် နေ့လည်စာ ထမင်းဘူးလှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။ ဒဂုံဆိပ်ကမ်းရိုးမရိပ်သာကုသရေးဌာနအတွက် ဝက်သားနီချက်(သို့)ပုဇွန်ထုတ်ဆီပြန်၊ ငပိကြော်၊အစိမ်းကြော်၊တို့စရာ၊ ဘူးသီး ကြက်ရိုးဟင်းချိုတို့ ပါဝင်တဲ့ နေ့လည်စာထမင်းဘူးများကို လှူဒါန်းပေးခဲ့ပါတယ်။

လွင်မိုးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ကျရောက်ခဲ့တဲ့ သူ့ရဲ့မွေးနေ့မှာလည်း ရိုးမရိပ်သာအဆောင်တွေအတွက် အဲကွန်းတစ်လုံးနဲ့ ကုတင်ဆယ်လုံးကို မွေးနေ့အလှူအဖြစ် လှူဒါန်းပေးခဲ့ပါသေးတယ်။ ဒီနေ့မှာလည်း စေတနာသဒ္ဓါတရားပြည့်ဝစွာနဲ့ ဝင်းစန္ဒာအညာထမင်းဘူးများကို ထပ်မံပြီးတော့ လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ… အိမ်နဲ့အဝေးမှာ ကွာရင်းတင်းဝင်နေရသူတွေ ထမင်းစားမြိန်စေဖို့ စေတနာအပြည့်နဲ့လှူဒါန်းပေးခဲ့တဲ့ လွင်မိုးတို့မိသားစုရဲ့အလှူလေးကို သာဓုခေါ်ပေးခဲ့ကြပါဦးနော်။


Source – Lwin Moe
Rainbow- Cele Gabar