ချစ်သူသက်တမ်း (၇) နှစ်ပြည့်မှာအနားမှာရှိမနေနိုင်လို့ စိတ်မကောင်းဘူးဆိုတဲ့ စိန်ဖြိုးလှိုင်

မောင်ဆိုတဲ့ နာမည်နဲ့ပရိသတ်တွေအားလုံးသိခဲ့ကြတဲ့ နန္ဒာလှိုင်ရဲ့ တစ်ဦးတည်းသောမောင်လေး စိန်ဖြိုးလှိုင်ကိုတော့ ပရိသတ်တွေအားလုံးသိမယ်ထင်ပါတယ် ။ အနုပညာအလုပ်တွေ ရပ်နားပြီး ဆရာဝန်တစ်ယောက် အဖြစ်ရပ်တည်နေတဲ့ မောင်ကတော့ ချစ်ရတဲ့ မင်းသမီးချောလေး ရီရီပွင့်ဖြူနဲ့ချစ်သူတွေ ဖြစ်ပြီး ပရိသတ်တွေ အားကျရတဲ့ စုံတွဲလေးပါပဲ ။ စက်တင်ဘာလ (၂၀) ရက်နေ့ကတော့ ရီရီပွင့်ဖြူနဲ့ မောင်တို့ရဲ့ ချစ်သူသက်တမ်း (၇) နှစ်ပြည့်နေ့ထူးရက်မြတ်လေးဖြစ်ပြီး မောင်က Q ဝင်နေရတဲ့အတွက် နှစ်ပတ်လည်နေ့လေးမှာတော့ အတူမရှိနေနိုင်တော့ပါဘူး ။

 

အတူမရှိနေနိုင်ပေမယ့် မောင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ” Happy 7th Anniversary ပါ ဘေဘီ။ September 20, 2013 ကစခဲ့တဲ့ ဇာတ်လမ်းက အခုဆို ၇နှစ်ပြည့်ခဲ့ပြီ။ Anniversary မှာ Video တွေတင်မယ် ပန်းစီးလေးကိုယ်တိုင်လုပ်ပြီးပေးမယ်၊ ဘေဘီစားချင်နေတဲ့ King Crab ဘေဘီမသိအောင်ခိုးချက်ပြီး Surprise လုပ်မယ်ဆိုပြီးစီစဉ်ထားပေမယ့် အခုလို COVID ကြောင့် Quarantine ဝင်နေရတော့ မတွေ့နိုင်တော့လို့ ဘာမှမလုပ်ပေးနိုင်တာ စိတ်မကောင်းပါဘူး။ စကြိုက်ကာစ အစောပိုင်းနှစ်တွေမှာ မရင့်ကျက်သေးတဲ့ကိုယ့်ကို နားလည်သီးခံခွင့်လွှတ်ပေးခဲ့လို့ ကိုယ်တို့အခုလိုရေရှည်လက်တွဲမြဲခဲ့တယ်ဆိုတာ ဘေဘီ မပြောပင်မဲ့ကိုယ်သိပါတယ်။ အဲ့ဒါတွေအတွက်လဲကျေးဇူးအများကြီးတင်ပါတယ် ဆိုတဲ့စာသားလေးနဲ့အတူ (၇)နှစ်ပြည့်အမှတ်တရ စကားလေးကို ရေးသားဖော်ပြခဲ့ပါတယ် ။

 

ရီရီပွင့်ဖြူကလည်း စိတ်မကောင်း ဝမ်းနည်းနေတဲ့ကြားကပဲ နိုးနိုးချင်း ဒီ စာ လေးတွေ့လိုက်ရတော့ ဘာမှပြန်မပြောနိုင်တော့သလို ဘာပြန်ပြောရမှန်းလည်းမသိတော့ဘူး..လို့ ပြန်လည်ရေးသားထားပါသေးတယ် ။ မောင်နဲ့ ရီရီပွင့်ဖြူတို့ရဲ့ချစ်သူသက်တမ်း (၇) နှစ်ပြည့်ကစပြီး နောင်နှစ်ပေါင်းများစွာထိ တွဲလက်တွေခိုင်မြဲပါစေလို့ ဆယ်လီကမ္ဘာမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Sein Phyo Hlaing
Emily (Cele Gabar)