Unseen သီချင်းလေး Joox ရဲ့ NO (1) နေရာမှာရပ်တည်နိုင်ခဲ့လို့ အရမ်းပျော်နေတဲ့ အက်စတာ

ပရိသတ်ကြီးရေ .. မြန်မာအိုင်ဒေါလ်ရဲ့ Winner ဆုရှင်လေး အက်စတာကတော့ ပြိုင်ပွဲပြီးထဲက အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဆောင်နေပြီး ပရိသတ်တွေ အခိုင်အမာရရှိနေပြီဖြစ်ပါတယ် ။ သူမထွက်ရှိထားတဲ့ သီချင်းတွေကိုလည်း ပရိသတ်တွေ တခဲနက်အားပေးဝန်းရံခဲ့ကြပြီး သူမ ရဲ့သီချင်းသစ်တစ်ပုဒ်ဖြစ်တဲ့ Unseen သီချင်းလေးကလည်း Joox မှာ No (1) နေရာမှာရပ်တည်နိုင်ခဲ့ပါတယ် ။

 

Joox No (1) နေရာမှာ သူမရဲ့သီချင်းလေး နေရာရခဲ့တဲ့အတွက် အက်စတာက ” Thank You Lord! အရမ်းပျော်လို့ဘာပြောရမှန်းတောင်မသိတော့ဘူး အားလုံးကျေးဇူးအရမ်းတင်တယ် Joox Top (1)ဆိုတဲ့နောက်ကွယ်မှ ချစ်ခြင်းမေတ္တာအပြည့်နဲ့အချိန်ပေး Stream ပေးပီးခံစားနားစဉ်ပေးကြတဲ့ ပြည်တွင်းပြည်ပက Whitenubes Family နဲ့ အမျိုးတို့တစ်ယောက်ချင်းစီတိုင်းရဲ့ ခိုင်ခိုင်မာမာအားပေးမှုအတွက်ညီမလည်း ပိုကြိုးစားပါမယ် အားလုံးကျေးဇူးတင်ပါတယ် အယောက်ချင်းစီတိုင်းဘုရားသခင်ကောင်းကြီးပေးပါစေ ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ပရိသတ်တွေကို လူမှုကွန်ရက်စာမျက်နှာထက်ကနေတဆင့် ကျေးဇူးတင်စကားဆိုခဲ့ပါတယ် ။

အက်စတာက သူမရဲ့ ပရိသတ်တွေကို ဒီလိုအချိန်ကပ်ဆိုးကြီးမှာ စိတ်မညစ်ကြဖို့နဲ့ သီချင်းသစ်လေးတွေနဲ့ပြန်လာခဲ့မယ် လို့လည်းပြောထားပါသေးတယ် ။ Joox ရဲ့ No (1) နေရာကို ရခဲ့တဲ့အတွက် အက်စတာရဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးလည်း အရမ်းကိုပျော်ရွှင်နေကြမယ်ထင်ပါတယ်နော် ။

Source : Esther
Emily (Cele Gabar)