Covid ကာလမှာ အမျိုးသမီးတွေလုပ်သင့်တဲ့အချက်ကိုပြောပြလာတဲ့ ခင်သဇင်

မော်ဒယ်လ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲဝင်ရောက်လာခဲ့တဲ့ မင်းသမီးချောလေး ခင်သဇင်ကတော့ အခုဆိုရုပ်ရှင်ဇာတ်ကားတွေပါ ရိုက်ကူးနေပြီဖြစ်ပါတယ် ။ ပရိသတ်အချစ်တော် ခင်စိန်လေးကတော့ ပရိသတ်တွေနဲ့အမြဲစနောက် ကြည်စယ်နေတတ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူမရဲ့နေ့စဉ်လှုပ်ရှားမှုတွေကိုလည်း လူမှုကွန်ရက်စာမျက်နှာကနေတဆင့် အမြဲမျှဝေပေးနေတဲ့ အနုပညာရှင်တစ်ယောက်ပါ ။

 

လတ်တလောမှာတော့ Covid-19 ကာလမှာ အမျိုးသမီးတွေ လုပ်သင့်တဲ့အချက်တစ်ချက်ကို ဝေမျှဝေပေးလာခဲ့ပါတယ် ။ Covid မှာ အမျိုးသမီးတွေ နောက်ထပ်လုပ်သင့်တာ တစ်ခုက ကိုယ့်အိမ်က မှန်တွေကို ဖွက်ထားကြပါနော်..တနေ့ တနေ့ မှန်တစိမ့်စိမ့် ကြည့်ပြီး မကြာခင် Skincare ဖိုးတွေ ဒလဟောထွက်ပါလိမ့်မယ် ဆိုတဲ့စာသားလေးကို ရေးသားခဲ့တာဖြစ်ပြီး ပရိသတ်တွေကို အရွှန်းဖောက်စနောက်ခဲ့တာ ပဲဖြစ်ပါတယ် ။

 

သူမကိုချစ်တဲ့ မိန်းကလေး ပရိသတ်တွေကတော့ ခင်စိန်လေးပြောတာ မှန်နေလို့ တကယ်ဖွက်ထားမှ ဖြစ်တော့မယ်လို့ ပြန်လည်စနောက်ပြီး မှတ်ချက်တွေရေးသားထားကြပါသေးတယ် ။ ဘယ်လိုလဲ ခင်စိန်ပရိသတ်တွေအားလုံး မှန်တွေကိုဖွက်ထားဖို့အဆင်သင့်ပဲလား ။

Source : Khin Thazin
Emily (Cele Gabar)