ခက်ခဲကြမ်းတမ်းတဲ့အတွေ့ကြုံတွေ့ပြီး ဖြတ်သန်းခဲ့ရတဲ့ ခုလက်ရှိအချိန်လေးကိုပိုသဘောကျတယ်ဆိုတဲ့ ရန်အောင်

ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်ပြီး အကယ်ဒမီဆုတွေ အများကြီးကို ပိုင်ဆိုင်ထားတဲ့ ဝါရင့် သရုပ်ဆောင် မင်းသားကြီးရန်အောင်ကတော့ အခုလက်ရှိအချိန်ထိ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်နေဆဲ မင်းသားတစ်ယောက်ပဲဖြစ်ပါတယ် ။ ပရိသတ်တွေရော အနုပညာရှင် ညီအစ်ကိုမောင်နှမတွေပါ လေးစားအားကျရတဲ့အနုပညာရှင်တစ်ယောက်ဆိုလည်း မမှားပါဘူး ။

လတ်တလောမှာတော့ ရန်အောင်တစ်ယောက် သူ့ရဲ့ ၄နှစ်သားအရွယ်ပုံ နဲ့ ၅၄ နှစ်အရွယ် ပုံနှစ်ပုံကို ယှဉ်ပြီး ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ “အပူအပင်ကင်းတဲ့”ကလေး လေးဘဝကို တစ် ခါပြန်ပြီးရချင်သေးတယ်(တခါတလေပေါ့) ဆိုတဲ့စာသားလေးနဲ့အတူ မျှဝေပေးခဲ့တာဖြစ်ပြီး ဘဝမှာ ခက်ခဲကြမ်းတမ်းတဲ့အတွေ့အကြုံတွေက ဖြတ်သန်း၊ ပြင်ဆင် ၊ ဆင်ခြင် ပြီးမှရခဲ့တာတွေဖြစ်လို့ ခုချိန်ကိုတော့ ပိုသဘောကျတယ်လို့ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။

 

ပရိသတ်တွေကတော့ ချစ်စရာကောင်းပြီး ဖြူစင်တဲ့ ကလေးဘ၀ ပုံလေးနဲ့ ချောမောခန့်ညားနေတဲ့ လူကြီးဘ၀ ပုံလေးကို အရမ်းကိုသဘောကျနေကြပြီး ကိုဗစ်ကာလမှာ ကျန်းမာရေး ဂရုစိုက်ဖို့အတွက် စိုးရိမ်ပေးနေကြတဲ့မှတ်ချက်တွေရေးသားခဲ့ကြပါတယ် ။ ရန်အောင်ကို ခုချိန်ထိ အားပေးချစ်ခင်နေဆဲ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက်လည်း ငယ်ဘ၀ ပုံလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Yan Aung
Emily (Cele Gabar)