ဟာသ သရုပ်ဆောင်ဦးကျော်ထူးအတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဖြိုးငွေစိုး

ပရိသတ်ကြီးရေ ဒီနေ့ စက်တင်ဘာလ (၂၁) ရက်နေ့ကတော့ ပရိသတ်အချစ်တော် ဟာသ သရုပ်ဆောင် လူရွှင်တော် ဦးကျော်ထူးရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ။ ဦးကျော်ထူး ကတော့ ပရိသတ်တွေတင်မက အနုပညာရှင် ညီအစ်ကိုမောင်နှမတွေကပါ ချစ်ခင် ရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် မွေးနေ့ဆုမွန်ကောင်းတွေအများကြီး ရရှိခဲ့ပါတယ် ။

 

သရုပ်ဆောင် ဖြိုးငွေစိုးကတော့ ဦးကျော်ထူးနဲ့ အရမ်းကိုရင်းနှီးတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပြီး မွေးနေ့ဆုတောင်းအဖြစ် ” Happy Birthday ပါ ဦးကျော်ထူး ယနေ့မှစ၍ အသက်၁၀၀ကျော်သည်အထိ ကျန်းမာစွာဖြင့် သင်ချစ်သော သားလေးမောင်ဖြိုး ကိုကောင်းစွာကျွေးမွေးပြုစုယုယမြတ်နိုးချစ်ခင်ကြင်နာစွာဖြင့် ဆက်ဆံနိုင်ပါစေ ” လို့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မွေးနေ့မွေးနေ့ဆုမွန်ကောင်းတောင်းရင်းစနောက်ခဲ့ ပါတယ် ။

ဒါ့အပြင် ဒီနေ့မွေးနေ့က အသက် ဘယ်လောက်ပြည့်တာလဲ ၉၉ နှစ်လားလို့လည်း စနောက်ထားပါသေးတယ် ။ ဖြိုးငွေစိုးနဲ့ ဦးကျော်ထူးတို့ရဲ့ ရင်းနှီးမှုကတော့ တစ်ယောက်ကို တစ်ယောက် အမြဲလိုလို စနောက်ဆေးထိုးနေကြတာ ပရိသတ်ကြီးအမြင်ပါပဲနော် ။ ဦးကျော်ထူးရဲ့ မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာထိ ချစ်တဲ့ ပရိသတ်တွေနဲ့အတူ အနုပညာအလုပ်တွေ အများကြီးလုပ်ဆောင်နိုင်ပါစေလို့ ဆယ်လီကမ္ဘာကလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Phyo Ngwe Soe
Emily (Cele Gabar)