Covid-19 ပိုးတွေ့လူနာတွေများလာပြီး လူနာတင်ကားမလုံလောက်လို့ အလှူခံလာတဲ့ ဝေဠုကျော်

ပရိသတ်ကြီးရေ ပရဟိတမင်းသားကြီး ဖြစ်တဲ့ သရုပ်ဆောင် ဝေဠုကျော်ကတော့ Covid-19 နဲ့ပတ်သက်ပြီး ဝေဠုကျော် ဖောင်ဒေးရှင်းကနေတဆင့် ကူညီ လှူဒါန်းမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ် ။ အခုဆိုရင် ပိုးတွေ့လူနာအရေအတွက်နဲ့ သေဆုံးသူလူနာအရေတွက်လည်း များပြားလာတဲ့အတွက် ဖြစ်ပေါ်လာတဲ့အခက်ခဲတစ်ခုကို ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ် ။

ရန်ကုန်မှာ တစ်နေ့ထက် တစ်နေ့ ပိုးတွေ့လူနာတွေ များလာတာနဲ့ အမျှဝေဠုကျော် ဖောင်ဒေးရှင်း အသင်းရဲ့ ကားတွေ မလုံလောက်တော့တဲ့အပြင် ရှိနေတဲ့ကားထဲက သေဆုံးသွားတဲ့ လူတွေအတွက်လဲ လိုလာပြီဖြစ်လို့ သီးသန့် သပ်သပ် ထားရတော့မှာဖြစ်ပါတယ် ။ လာရောက် ပူးပေါင်းတဲ့ အသင်းတွေကလဲ ရိုးရိုးလူနာ နဲ့ သပ်သပ်စီ ခွဲထားရလို့ လူနာတင်ကားတွေ လိုလာပြီး အခုချိန် ဆေးရုံဆင်းတဲ့ သူများကလည်း နယ်ပြန်ဖို့ လူနာတင်ကားတွေနဲ့ ပြန်မှ ရမယ့်အခြေအနေ ဖြစ်ပေါ်နေပါတယ် ။

ဒါကြောင့် COVID 19 ကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်နေတဲ့ လူနာတင်ကား များ ကို ဝေဠုကျော်ဖောင်ဒေးရှင်းကနေတဆင့် အလှူခံလိုကြောင်း ရေးသားဖော်ပြထားပြီး တစ်ယောက်ကို ၁၀၀၀ ကျပ်စီ ဝိုင်းထည့်ကြရင်တောင် လူ ၇၀၀၀ ဆို လူနာတင်ကား တစ်စီး ပစ္စည်းစုံနဲ့ ရမှာဖြစ်တဲ့အတွက် ဝိုင်းဝန်းလှူဒါန်းကြဖို့ တိုက်တွန်းခဲ့တာပဲဖြစ်ပါတယ် ။ ဆယ်လီကမ္ဘာ ပရိသတ်ကြီးလည်း လှူဒါန်းချင်တယ်ဆိုရင် ဝေဠုကျော်ဖောင်ဒေးရှင်းကနေတဆင့် ဆက်သွယ်လှူဒါန်းကြဖို့အတွက် မျှဝေပေးလိုက်ပါတယ်နော် ။

Source : Wai Lu Kyaw
Emily ( Cele Gabar)