ပျောက်နေလို့သတိရနေတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းလေးနဲ့ ပြန်လာခဲ့တဲ့ အက်စတာ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် အက်စတာကတော့ သူ့ရဲ့ ပရိသတ်တွေအတွက် သတင်းကောင်းလေးတစ်ခုကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဒီနေ့ ဇွန်လ (၂၇)ရက်နေ့ မှာပဲ ဖော်ပြလာခဲ့ပါတယ်။ ဒီရက်ပိုင်းတွေထဲမှာ အက်စတာကပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်နေခဲ့တာကြောင့် သူ့ရဲ့ပရိသတ်တွေက စိုးရိမ်နေခဲ့ကြပါသေးတယ်။

အက်စတာကိုယ်တိုင်ကလည်း သူပျောက်နေတဲ့ အချိန်မှာ ပရိသတ်တွေသူ့ကို သတိရနေသလို သူကလည်း သတိရနေတဲ့ အကြောင်းကို ပြောပြရင်း မကြာခင်မှာ မြန်မာအိုင်ဒေါက မောင်နှမတွေနဲ့ Group Song MTV လေး ထွက်ရှိလာတော့မယ့်အကြောင်းကိုလည်း သတင်းကောင်းအနေနဲ့ပြောပြလာခဲ့ပြီး MTV ရိုက်ရင်းနဲ့ဆုံဖြစ်ကြတဲ့မောင်နှမတွေနဲ့အတူ ရိုက်ထားတဲ့ ပုံလေးတွေကိုလည်း ဖော်ပြလာခဲ့ပါတယ်။

ပရိသတ်တွေကတော့ ဒီသတင်းကောင်းလေးကြောင့် ပျော်ရွှင်နေခဲ့ပြီး သီချင်းလေးကို အမြန်ထွက်ရှိလာဖို့ တောင်းဆိုနေကြပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေထဲက အက်စတာပျောက်နေလို့လွမ်းနေတဲ့ ပရိသတ်တွေအတွက် အက်စတာရဲ့ ဒီသတင်းကောင်းလေးကို Celegabar ကပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။

Chilli – CeleGabar
Source – Esther DCS