အမှိုက်ကောက်ပြီးရောင်းစားရတဲ့ဘဝလေးတွေ အဆင်ပြေဖို့ လှူဒါန်းခဲ့တဲ့ ဒိန်းဒေါင်

လူရွှင်တောင်အသင်းသားများရဲ့ ကိစ္စအ၀၀ကို တာဝန်ယူထားတဲ့ လူရွှင်တော်အသင်းဥက္ကဌဖြစ်သူ ဟာသသရုပ်ဆောင်ဒိန်းဒေါင်ကတော့ ကုသိုလ်ရေးလက်မနှေးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။လူရွှင်တောင်အသင်းသားများထဲမှ အကူညီလိုနေသူများ သက်ကြီးလူရွှင် တော်ကြီးများကိုလည်း ငွေရေးကြေးရေးကအစ နေရာထိုင်ခင်းအစ အစအဆုံးကူညီတတ်သူလည်းဖြစ်တဲ့ ဒိန်းဒေါင်းကတော့ Covid-19 ကာလမှာလည်း အလှူရေစက်လက်နဲ့မကွာပါပဲ ပရိသတ်ကြီးရေ ..။

 

အမှိုက်ပုံကစွန့်ပစ် ပစ္စည်းတွေကိုကောက်ပြီး ရောင်းစားရတဲ့ ဘဝလေးတွေ အဆင်ပြေအောင် အလှူရှင် ကိုစိုးဝင်းထက်နှင့်ဇနီးဒေါ်မာလာအေး သားမောင်စိုးလင်းထူး(ခ)ဖိုးလပြည့်မိသားစုကအိမ်ထောင်စု နဲ့အတူ အိမ်ထောင်စု (၆၅) စုအတွက် ဆန်နဲ့ ဆီများကို လှူဒါန်းခဲ့တယ်လို့သိရပါတယ် ။ ပရိသတ်တွေကတော့ အခုလို အမှန်တကယ် ခက်ခဲနေတဲ့ သူတွေရဲ့ဘဝကို ကူညီပေးတဲ့ ဒိန်းဒေါင်အတွက် သာဓုတွေအများကြီး ခေါ်ဆိုခဲ့ကြပါတယ် ။

 

တစ်နိုင်ငံလုံးမှာရှိတဲ့ ချစ်ပရိသတ်ကြီးကလည်း ဟာသ သရုပ်ဆောင် လူရွှင်တော် ဒိန်းဒေါင်တစ်ယောက် ဒီထက်မက လှူနိုင်တန်းနိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါစေလို့လည်း ဆုမွန်ကောင်းတွေတောင်းပေးထားကြတာတွေ့ရပါတယ် ။ ဒိန်းဒေါင်ကို အားပေးကြတဲ့ဆယ်လီကမ္ဘာ ပရိသတ်ကြီးလည်း သာဓုခေါ်ဆိုနိုင်ဖို့ အလှူလေးကိုမျှဝေပေးလိုက်ရပါတယ်နော် ..။

Source : Dain Daung
Emily (Cele Gabar)