မုန့်ဟင်းခါးရောင်းဖို့ အရင်းပြုတ်သွားပြီဖြစ်ကြောင်း စိတ်မကောင်းစွာမျှဝေလာတဲ့ ရဲလေးမ

ဇာတ်ပို့ဇာတ်ရံတစ်ယောက်ဖြစ်တဲ့ ရဲလေးမကတော့ ရုပ်ရှင်၊ဗွီဒီယိုဇာတ်ကားပေါင်းများစွာနဲ့ ပရိသတ်ဘဝအမောတွေ ဖြေဖျောက်စေနိုင်ခဲ့သူပါ။ ကိုဗစ်ကာလ ရိုက်ကူးရေးတွေရပ်နားလိုက်ကတည်းက ဘဝရပ်တည်ရေးအတွက် မုန့်ဟင်းခါးရောင်းချနေသူဖြစ်ပြီး (၇) ရက်သား၊သမီးတွေ အားပေးလို့ ရလာတဲ့ပိုက်ဆံတွေကိုလည်း တတ်နိုင်သလောက် ပြန်လည်လှူဒါန်းပေးနေသူပါ။

စေတနာအပြည့်နဲ့ချက်ရောင်းတဲ့ ရဲလေးမရဲ့မုန့်ဟင်းခါးကတော့ စားသုံးသူတွေကြားမှာ နာမည်ကြီးနေပြီး လတ်တလောမှာတော့ ရဲလေးမတစ်ယောက် မန္တလေးမြို့မှာမုန့်ဟင်းခါး အော်ဒါကောက်ကာ လိုက်လံပို့ဆောင်ပြီး ရောင်းချပေးနေပါတယ်။ ဒါပေမယ့် မနေ့ကတော့ “ကံမကောင်းဘူး အရင်းပြုတ်ပြီ… ဘယ်တတ်နိုင်မလဲ… ကိုယ့်ရဲ့ကံပေါ့လေ” ဆိုတဲ့စာသားလေးနဲ့ အရင်းပြုတ်သွားပြီဖြစ်ကြောင်း စိတ်မကောင်းစွာ မျှဝေလာပါတယ်။

ရဲလေးမကတော့ မုန့်ဟင်းခါးချက်လာတဲ့ တလျှောက်မှာ တစ်ခါမှအဲ့လိုမဖြစ်ဘူးပေမယ့် မနေ့ကတော့ လိုက်ပို့တဲ့မုန့်ဟင်းခါးတွေအကုန် ချဉ်ကုန်တာကြောင့် အရင်းပြုတ်သွားခဲ့ကြောင်း မျှဝေလာတာပါ။ အနုပညာရှင်တချို့ကတော့ ရဲလေးမကို စိတ်မလျှော့ဘဲ နောက်နေ့တွေအများကြီးရောင်းရဖို့ အားပေးစကားပြောခဲ့ပါတယ်.. နောက်နေ့တွေအများကြီးရောင်းရပြီး ဆုံးရှုံးသွားတာတွေ ပြန်အဖတ်ဆယ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ရဲလေးမရေ..


Source – Ye Lay Ma
Rainbow- Cele Gabar