သူနဲ့အတူ အဓိဌာန်ဝင်နေသူတွေအတွက် အလှူဒါနလေးတစ်ခုပြုလုပ်ပေးခဲ့တဲ့ စမိုင်းလ်

ကုသိုလ်ရေးဆိုလက်မနှေး လုပ်ဆောင်တတ်သူစမိုင်းလ်ကတော့ ကိုဗစ်ကာလစတင်ကတည်းက ငွေအားနဲ့ လိုအပ်တဲ့နေရာတွေမှာ ဆက်တိုက်ကူညီနေသလို ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သူတစ်ယောက်မို့ ဗုဒ္ဓတရားတော်တွေနဲ့ ကပ်ရောဂါဆိုးကြီးကို တွန်းလှန်နိုင်အောင် မိတ်ဆွေ၊အပေါင်းအသင်းပရိသတ်တွေနဲ့အတူ အဓိဌာန်တွေပြုလုပ်နေသူပါ။

လတ်တလောမှာလည်း ချစ်ခင်ရတဲ့မိတ်ဆွေ၊ ပရိသတ်တွေနဲ့အတူ မဟာသမယသုတ်(၁၀) ရက်အဓိဌာန်ဝင်နေပြီ ဖြစ်ပါတယ်။ မနေ့ကည(၁၂) နာရီမှ စတင်ပြီး ညစဉ်ညတိုင်း(၁၂) နာရီတိတိမှာ မဟာသမယသုတ်ကို ဆယ်ရက်တိတိရွတ်ဖတ်ကြဖို့ ရည်ရွယ်ထားတဲ့အဓိဌာန်လေးဖြစ်ပြီး ဒီနေ့မှာတော့ သူနဲ့အဓိဌာန်ဝင်သူတွေပါ ကုသိုလ်ရနိုင်ဖို့ အလှူလေးတစ်ခုပြုလုပ်ပေးခဲ့ကြောင်း မျှဝေလာပါတယ်။

အဓိဌာန်ဝင်ရမယ့် (၁၀)ရက်စလုံးစာအတွက် အနောက်ပိုင်းဆေးရုံမှာ နေ့လည်စာထမင်း၊ ဂျပန်ဆေးရုံမှာ ညစာထမင်း စုစုပေါင်း ထမင်းဘူး(၁၀၀)အတွက် (၁၀)ရက်စာ သိန်း(၂၀) ကို ကုသိုလ်ပြုပေးခဲ့ပါတယ်။ ဒီအလှူလေးကတော့ အဓိဌာန်ဝင်နေသူအတွက် ရည်ရွယ်ပြီးတော့ ပြုလုပ်ပေးခဲ့တဲ့အလှူလေးဖြစ်ပြီး အကုန်လုံးကုသိုလ်အတူတူယူနိုင်ဖို့ သူ့ရဲ့အလှူလေးကို မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။


Source – Smile စမိုင်းလ်
Rainbow- Cele Gabar