ရဝေအောင်ရဲ့မွေးနေ့လေးအတွက် ဆုတောင်းပေးခဲ့တဲ့ ချောရတနာ

ပရိသတ်ကြီးရေ ဒီနေ့စက်တင်ဘာလ(၂၂) ရက်နေ့လေးကတော့ သရုပ်ဆောင်ရဝေအောင်ရဲ့မွေးနေ့ရက်မြတ်လေးပါ။ ရဝေအောင်ကတော့ တချိန်တုန်းက ကြော်ငြာတွေ၊သီချင်းဗွီဒီယိုတွေမှာ အများဆုံးတွေ့မြင်ခဲ့တဲ့မင်းသားတစ်လက်ဖြစ်သလို ချောမောတဲ့သူတစ်ယောက်မို့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲဖြစ်ခဲ့ရသူတစ်ယောက်ပါ။

အခုချိန်မှာ အနုပညာအလုပ်တွေမလုပ်ဖြစ်တော့ပေမယ့် အနုပညာမောင်နှမတွေဖြစ်တဲ့ ချောရတနာတို့နဲ့ မကြာခဏဆိုသလို တတွဲတွဲမြင်ရလေ့ရှိပါတယ်။ ဒီနေ့သူ့ရဲ့မွေးနေ့လေးမှာလည်း ချောရတနာကတော့ ” Happy birthday ပါငါ့အစ်ကိုရေ… သက်ရှည်ကျန်းမာ စိတ်ချမ်းသာ ပါစေ… ဖြူစင်ပြီးသဘော ကောင်းလွန်းသောအစ်ကို …. လိုအင်ဆန္ဒမှန်သမျှ မတောင်းဘဲ ပြည့်ပါစေ…. ကိုယ့်ညီမ ကို လည်း အမြဲစောင့်ရှောက်နိုင်ပါစေ”ဆိုတဲ့စာသားလေးနဲ့အတူ မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

ရဝေအောင်ကတော့ အနုပညာလှုပ်ရှားမှုတွေမရှိတော့ပေမယ့် အားပေးချစ်ခင်နေဆဲ ပရိသတ်ကြီးအတွက် တစ်ချိန်တုန်းက ကြော်ငြာ၊ ကာရာအိုကေသီချင်းတွေနဲ့ ပိုစတာလေးတွေကို မျှဝေပေးလျက်ရှိပါတယ်။ ဒီနေ့ကျရောက်တဲ့မွေးနေ့လေးကစပြီး လိုအင်ဆန္ဒမှန်သမျှပြည့်ဝပြီး ပျော်ရွှင်အေးချမ်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆယ်လီကမ္ဘာမှ ဆုတောင်းပေးလိုက်ပါတယ် အစ်ကိုရေ…


Source – Chaw Yadanar
Rainbow- Cele Gabar