ဈေးရောင်းလို့ရရှိလာတဲ့ငွေအားလုံးကို ရိုးမရိပ်သာကို လှူဒါန်းပေးခဲ့တဲ့ မေလသံစဉ်

အဆိုတော်မေလသံစဉ်ကတော့ ပရိသတ်ရဲ့ချစ်ခြင်းကို အပြည့်အဝသိမ်းပိုက်ထားသူတစ်ယောက်ဖြစ်သလို ဖြူစင်တဲ့စိတ်ထားလေးနဲ့ အများကောင်းကျိုးဆောင်ရွက်ဖို့ အမြဲအသင့်ရှိသူတစ်ယောက်ပါ။ လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ်ဒုတိယလှိုင်းကာလမှာလည်း တတ်နိုင်သမျှကူညီပံ့ပိုးပေးဖို့ ဆုံးဖြတ်ထားကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပြီး ဒီနေ့မှာတော့ စတင်ကူညီနိုင်ခဲ့ပြီဖြစ်ပါတယ်။

ကိုဗစ်ကာလမှာ အပြင်ထွက်ဖို့ အန္တရာယ်များတာကြောင့် အတတ်နိုင်ဆုံး အိမ်ထဲမှာပဲနေပြီး ဘာမှမလုပ်ဖို့ ဆုံးဖြတ်ထားခဲ့ပေမယ့် ကိုဗစ်ကာလ Q Center မှာ ဝိုင်းဝန်းကူညီပေးနေတဲ့ Volunteer တွေကိုကြည့်ပြီး သနားမိတာကြောင့် Live လွှင့်ဈေးရောင်းဖို့ ကမ်းလှမ်းလာတဲ့အလုပ်တွေကို လက်ခံပြီး ရရှိလာတဲ့ငွေတွေကို လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။ မနေ့ကတော့ lily ဖိနပ်များကို Live လွှင့်ကာစတင်ရောင်းချခဲ့ပြီး ရရှိလာတဲ့ငွေ(၁၂)သိန်းကို စတင်လှူဒါန်းခဲ့ပါတယ်။

ရိုးမဆောင်မှာ တိုက်ပွဲဝင်တာဝန်ထမ်းဆောင်နေကြတဲ့ကျန်းမာရေးသူရဲကောင်း စေတနာ့ဝန်ထမ်း(၇၅) ဦးအတွက် ဈေးရောင်းလို့ရရှိငွေ(၁၂)သိန်းနဲ့ အားလုံးတူညီဝတ်ဆင်နိုင်ဖို့ မိုးကာဂျာကင်၊ စပို့ရှပ်နဲ့ ဘောင်းဘီ(၇၅) စုံ၊ Hand Spray (၇၅) ဘူး တို့ကို လှူဒါန်းပေးခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါကာကွယ်ရေးအတွက်စဉ်းစားပြီး တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ပေးခဲ့တဲ့ မေလသံစဉ်ရဲ့အလှူလေးအတွက် သာဓုခေါ်ပေးခဲ့ပါဦး ပရိသတ်ကြီးရေ…


Source – မေလသံစဉ် May Melody
Rainbow- Cele Gabar