ရန်ကုန် နာရေးကူညီမှုအသင်းကို ရေသန့် ကတ် (၁၀၀)လှူဒါန်းခဲ့တဲ့ အိချောပို

ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး အိချောပိုကတော့ လူလေးလည်း အပြစ်ပြောစရာမရှိအောင်လှသလို စိတ်ထားလေးကလည်း မွန်မြတ်လှတဲ့ သူတစ်ယောက်ပါ။အလှူအတန်းတွေကိုလည်း တတ်နိုင်သလောက်ပြုလုပ်လေ့ရှိတဲ့ သူတစ်ယောက်ဖြစ်ပြီး ဒီနေ့မှာလည်း သူ့ရဲ့ My day ကနေ အလှူလေးတစ်ခုပြုလုပ်ထားတဲ့အကြောင်းကိုဖော်ပြလာခဲ့ပါတယ်။

အလှူလေးကတော့ ဦးကျော်သူ ဥက္ကဋ္ဌအနေနဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)ကို ရေသန့်တွေလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။အိချောပိုက နာရေးကူညီမှုအသင်း (ရန်ကုန်)ကို ရေသန့်ဗူးလတ် (၁၂)ဗူးပါ ကတ်(၁၀၀)တိတိကို ပြီးခဲ့တဲ့ ဇွန်လ (၂၂)ရက်နေ့ကလှူဒါန်းပေးခဲ့တာပဲဖြစ်ပြီး အလှူအတွက်ရရှိခဲ့တဲ့ ဂုဏ်ပြုမှတ်တမ်းလွှာလေးကို My Day ကနေ ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။

အခုလိုရေသန့်လှူဒါန်းရတဲ့ အကျိုးကြောင့် အိချောပိုတစ်ယောက် အနုပညာလောကမှာ ပိုမိုအောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့ ရပ်တည်နိုင်ပါစေလို့ Celegabar ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ Celegabar ပရိသတ်ကြီးတွေလည်း အိချောပိုရဲ့ အလှူလေးအတွက် သာဓုခေါ်ဆိုပေးခဲ့ကြပါဦး ပရိသတ်ကြီးရေ။

Chilli – CeleGabar
Source – Ei Chaw Po